မရေရာ မသေချာမှုကြားမှ အိမ်ပြန်ချင်ကြသူများအတွက် . . .

Type
99

 

မိုးကေနိုင်

မိမိပုံမှန်နေထိုင်ရာ ဒေသ၊ နေရပ်၊ အိမ်ရာ ဝန်းကျင်မှ အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာချင်သူဟူ၍     ရှိမည်မဟုတ်ပါ။ ယာယီဖြစ်ဖြစ်၊ ရေရှည်ဖြစ်ဖြစ် ဘယ်လို အကြောင်းမျိုးနှင့်မှ   စွန့်ခွာချင်ကြမည် မဟုတ်၊၊ သို့သော် မတည်ငြိမ် မအေးချမ်း သောဒေသများတွင်     မမျှော်လင့်ဘဲ ခါးသီးလှသည့်   တိုက်ပွဲများ၊  သဘာဝ ကပ်ဘေးနှင့်   အကြမ်းဖက်ဖြစ်စဉ်များ ကြောင့်    မိမိတို့   အသက်ရှင်သန်ရေး၊ အခြေခံစားဝတ်နေရေး လိုအပ်ချက်များ အတွက် မိမိတို့နေရပ်ကို စွန့်ခွာနေရသူ များ၊ ရှောင်တိမ်းနေရသူများ၊ ခိုလှုံနေရသူ များ   Internally  Displaced Persons (IDPs)ဟူသော   အသုံးအနှုန်းနှင့်ကား ယဉ်ပါးနေရသည်။ 
ကူညီလျက်နှင့် ပိတ်သိမ်းနိုင်ရန်လည်း
ကြိုးစားနေ 
ကမ္ဘာတစ်ဝန်း     ၂၀၂၂  ခုနှစ်စာရင်း အရ   ပဋိပက္ခအကြမ်းဖက်ဖြစ်ရပ်များ ကြောင့် IDPs လူသား  ၅၉  သန်းကျော် အထိ အမြင့်ဆုံးအရေအတွက်သို့ ရောက်ရှိ သွားသည်ဟု သိရသည်။ နိုင်ငံတကာတွင် မူလရှိဆဲပဋိပက္ခများအပြင်   ပြည်တွင်း ရေးမပြေလည်မှုများ၊   နယ်စပ်ပြဿနာ များ၊   နှစ်နိုင်ငံစစ်ပွဲများကြောင့်    IDPs အရေအတွက်   တိုးလာလျက်ရှိသည်။  တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါက   နေရပ်စွန့်ခွာ အရေအတွက် ယခုထက်ပို၍ တိုးပွားသွား ရန်သာရှိသည်။ 
ထိုသို့  တိုးမြင့်လာသည့် အခြေအနေ တွင်   မြန်မာနိုင်ငံတွင်မူ   နိုင်ငံတော်က IDPs စခန်းများကို ပိတ်သိမ်းပြီး မူလ နေရာများသို့ ပြန်လည်ပို့ဆောင်ပေးရေး နှင့်   ၎င်းတို့၏  လူမှုစီးပွားဘဝများ အဆင်ပြေစေရေး  ကြိုးစားဆောင်ရွက် ပေးနေသည်။ မပိတ်သိမ်းနိုင်သေးသည့် စခန်းများကိုလည်း   လူသားချင်းစာနာ ထောက်ထားမှု         ရှုထောင့်မှနေ၍ စိတ်စေတနာအပြည့်ဖြင့်    ကာကွယ် စောင့်ရှောက်နိုင်ရေး         အကူအညီ အထောက်အပံ့များ ပေးအပ်နေသည်ကို မြင်တွေ့ရသည်။ 
မငြိမ်းချမ်း၍     နေရပ်စွန့်ခွာကြရ သည်။ တိုက်ပွဲရှောင်၍ ဒုက္ခသည်ဖြစ်ကြ ရသည်။ နောက်ခံအခြေအနေ၊  နယ်မြေ အခြေအနေ၊  တိုက်ပွဲအခြေအနေများပေါ် မူတည်၍   ပထမတော့  ယာယီခိုလှုံရာ စခန်း၊ ကာလရှည်ကြာလာပြီး မိမိနေရပ် ပြန်ဖို့ အခြေအနေမပေးတော့သည့်အခါ IDPs  စခန်းများတွင်သာ နေထိုင်ကြရ တော့သည်။ သူတို့၏ လူမှုစီးပွားဘဝတွေ ထိခိုက်ရပ်တန့်ကုန်သည်။  ပုံမှန်ဘဝမျိုး မရရှိတော့ဘဲ    ခက်ခက်ခဲခဲ  ရပ်တည် ကြရတော့သည်။      အားလုံးကတော့ အခြေအနေ    ပြန်လည်တည်ငြိမ်သွား သည့်အခါ မိမိတို့မူလနေရင်းဒေသများဆီ ပြန်လည် အရောက်ပြန်ချင်ကြသည်သာ။  သို့သော်    တိုက်ပွဲများကြောင့်  မိမိတို့ နေထိုင်ရာမြေနေရာများ၊        အိုးအိမ် စည်းစိမ်၊  ကျွဲ ၊ နွား၊  လယ်ယာများ ဆုံးရှုံး ခဲ့ရသည့်   အခြေအနေများတွင်  မိမိတို့ မူလနေထိုင်ခဲ့ရာ      ဝန်းကျင်သည် နယ်ပယ်သစ်များ     ဖြစ်ကုန်ကြသည်။ မူလရှိခဲ့သော   လူမှုစီးပွားဘဝများ  ပုံမှန် အခြေအနေပြန်ရောက်ရန်ပင် မလွယ်ကူ သည့် အနေအထားများအထိ ရောက်ရှိ သွားတော့သည်။ 
ရပ်တည်ရန်ခက်ခဲသည့် ရုန်းကန်ရင်ဆိုင်ရမှုများ 
Vulnerable  groups ဟုခေါ်သည့် အသက်ကြီးရင့်သူ ဘိုးဘွားများ၊ နို့တိုက် မိခင်များအပါအဝင် မိန်းမနှင့် ကလေး ငယ်များ၊ မသန်မစွမ်းသူများ၏ဘဝကား ပို၍သာ   ဆိုးတော့သည်။  စခန်းများရှိ အမျိုးသားများသည်       ကျန်းမာရေး ကောင်းပါက  ကြုံရာကျပန်းအလုပ်များ လုပ်ပြီး    ရပ်တည်ရသလို   မိန်းမများ အနေဖြင့်လည်း  အရောင်းအဝယ် ဟင်းသီး ဟင်းရွက်ရောင်း၊   လုပ်ငန်းအငှားလိုက်၊ ထင်းခွေရေခပ်   ကြုံရာအလုပ်များဖြင့် သာ     ရပ်တည်ရုန်းကန်ကြရသည်။ ပြည်တွင်း ပြည်ပအလှူရှင်များ၏ လစဉ် ထောက်ပံ့မှုကိုသာ မျှော်ကိုးကြရသည်။ အားလုံးသော      နှောင့်နှေးမှုများတွင် အခရာကျသည့် ပညာရေး၊ ကျန်းမာရေး လည်းပါသည်။ အစိုးရနှင့် ဘာသာရေး အဖွဲ့အစည်းများက      ဖွင့်ပေးသော ကျောင်းများတွင်သာ   ပညာသင်ကြားမှု အဆက်မပြတ်အောင်  ကြိုးစားကြရပြီး ကျန်းမာရေးမှာလည်း    သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနများ၊ နိုင်ငံတကာ နှင့်     ပြည်တွင်းအဖွဲ့အစည်းများ၏  စောင့်ရှောက်မှုကိုသာ ရယူကြရသည်။ 
အခြေခံစားရေး၊ နေရေးအပြင် ရေ၊  မီး၊  မိလ္လာ စသည့်လိုအပ်ချက်များကလည်း ရှိပြန်ပါသည်။    ဒုက္ခသည်အချင်းချင်း၊  အချို့ကအဖွဲ့လိုက်  အမြတ်ထုတ်ခေါင်းပုံ ဖြတ်သူများ၊     အမြတ်ထုတ်ခံရသူများ လည်း    ရှိကြသည်။   နေရပ်စွန့်ခွာသူ အများစုမှာ     မိသားစုအရေအတွက်၊  ဆွေမျိုးအများအပြားနှင့်     ဖြစ်ကြပြီး အိမ်ခန်းကျဉ်းကျဉ်းတွင်       အချို့က အဖီထိုး၍        ကျပ်ကျပ်တည်းတည်း ဆင်းဆင်းရဲရဲ     နေထိုင်ကြရသည်။ ဤသို့ဖြင့် စခန်းတွင်း ကျူးကျော်အိမ်ရာ ဟူ၍ ရှိလာရပြန်သည်။ တစ်ကိုယ်ရေ အသုံးကအစ အသုံးအဆောင်ပစ္စည်းများ ကို ချို့တဲ့စွာသုံးစွဲကြရသည်။ စနစ်တကျ နေထိုင်နိုင်ရေးအတွက် စည်းကမ်းများ ထုတ်ပြန်ထားသော်လည်း     လူမှုရေး အခက်အခဲများသာမက    တစ်ဦးချင်း လုံခြုံရေး      အခက်အခဲများကိုလည်း လျှော့တွက်၍မရသည့် အခြေအနေတွင် ရင်ဆိုင်ကြရသည်။ 
IDPs စခန်းများကား ပုံမှန်အတိုင်း နေမြဲ၊ လုပ်မြဲဖြစ်သော်လည်း မမျှော်လင့် သော        အရေးပေါ်အခြေအနေများ ဖြစ်သည့်   မုန်တိုင်း၊ ရေကြီးမှု၊ သဘာဝ ဘေးဒဏ်များနှင့်       ကိုဗစ်ကဲ့သို့သော ကူးစက်မြန်ရောဂါများ    မတော်တဆ ကျရောက်လာပါက    ထိန်းချုပ်ရန် အလွန်ခက်ခဲသော   အခြေအနေများဆီ ဆိုက်ရောက်သွားနိုင်သည့်  စိန်ခေါ်မှုများ အတွက်လည်း   ကြိုတင်ပြင်ဆင်ထားရ ပြန်ပါသည်။ 
နေရပ်ပြန်ချင်သူအများစုအတွက် ထိထိရောက်ရောက်ဆောင်ရွက်ပေးနေ 
အချို့က   မိမိတို့ဘဝများ  တစ်က ပြန်စနိုင်ရေး၊    မိမိတို့သားသမီးများ ပညာရေးအတွက်    မူလနေရပ်များဆီ ပြန်လိုကြသည်။   အချို့ကား  နယ်မြေ လုံခြုံမှုမရှိ၊ မတည်ငြိမ်သည့် အခြေအနေ နှင့် သောင်းကျန်းသူများ ထောင်ထား သော မိုင်းအန္တရာယ်များကြောင့် ပြန်ချင် သော်လည်း     မပြန်နိုင်ဖြစ်ကြရသည်။ အခြေအနေပေးလျှင်သော်မှ မိမိနေရပ် ပြန်ရောက်သည့်အခါ  အမှီအခိုကင်းကင်း ဖြင့်   မိမိတို့ဘဝရပ်တည်ရေးမှာ  နေရာ ထိုင်ခင်းက   အဆင်သင့်မဖြစ်၊   ရင်းနှီး လုပ်ကိုင်စားသောက်ရန်က      အခွင့် အလမ်းကနည်း၊         အခက်အခဲမျိုးစုံ ကြုံရသူများလည်း   ရှိကြသည်။  အချို့ ကား     ဘယ်မှမပြန်လို၊     ကြံ့ကြံ့ခံ၍ ရောက်ရှိရာစခန်းများတွင်ပင် ပျော်မွေ့၊ အခြေကျနေသူများလည်း   ရှိပြန်သည်။ သို့သော်မိမိတို့ နေရပ်များဆီ အနှေးနှင့် အမြန် ပြန်ချင်သူက အများစုဖြစ်သည်ကို စစ်တမ်းများအရ သိရှိရသည်။ 
ထိုကဲ့သို့  လိုအပ်ချက်များ၊  အခက် အခဲများကား အများအပြားရှိသော်လည်း နိုင်ငံတော်အနေဖြင့်မူ နေရပ်ပြန်ချင်သူ များ၊      အိမ်ပြန်ချင်သူများအတွက် ခေတ်အဆက်ဆက် အားထည့်ကြိုးပမ်း ဆောင်ရွက်နေသည်သာ      ဖြစ်သည်။ မလွဲမရှောင်သာ အခြေအနေများကြောင့် ဆင်းရဲဒုက္ခနှင့်    အန္တရာယ်ကျရောက် နေသည့်   မိမိတို့  တိုင်းရင်းသားပြည်သူ များ၏ အဆင်မပြေမှုများကို ပပျောက် စေပြီး  ပုံမှန်အခြေအနေသို့    ရောက်ရှိ စေရေး     နိုင်ငံတော်က နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည်။        နိုင်ငံတော်အတွက် အရေးပါသည့် ကိစ္စတစ်ခုအဖြစ် သဘော ထား၍ အမျိုးသားရေးတာဝန်တစ်ရပ် နှယ် မူဝါဒရေးဆွဲ သတ်မှတ်ဆောင်ရွက် နေခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူ များက  ၎င်းတို့ကို လုံးဝဖယ်ကြဉ်မထား မှန်း သိသာသည်။ 
ထို့ကြောင့်လည်း  နိုင်ငံတော်အဆင့် တွင်    ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်   ယာယီ ခိုလှုံရာစခန်းများ            ပိတ်သိမ်းရေး အမျိုးသားအဆင့်ကော်မတီတစ်ရပ်နှင့် ပြည်နယ်အဆင့်ကော်မတီ   လေးခုကို ဖွဲ့စည်းဆောင်ရွက်နေခြင်း  ဖြစ်သည်။ အမျိုးသားအဆင့် ကော်မတီအောက်တွင် လူသားချင်း         စာနာထောက်ထားမှု အကူအညီပေးရေးနှင့်      အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို    ထိထိ ရောက်ရောက်       ဖော်ဆောင်နိုင်ရေး၊ အခြေခံအဆောက်အဦ          ပြန်လည် နေရာချထားရေးနှင့် ပို့ဆောင်ဆက်သွယ် ရေး၊ ပညာရေးနှင့် ကျန်းမာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်       လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်းကော်မတီများကို ထပ်မံဖွဲ့စည်းထားရှိပြန်သည်။ 
IDPs စခန်းများနှင့် ဖွံ့ဖြိုးရေးဟူသည် ပြဒါးတစ်လမ်းသံတစ်လမ်း 
အဓိကမှာ    IDPs   စခန်းများကို စနစ်တကျ   ပြန်လည်ပိတ်သိမ်းလိုရင်း ပင်ဖြစ်သည်။    IDPs   စခန်းများကို ပိတ်သိမ်းခြင်းသည်   လုံခြုံရေးအရနှင့် ဘဝရှင်သန်မှုအတွက် စိတ်ချရမှုရှိမှသာ၊ ပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင် ပြီးဖြစ်မှသာ   ပိတ်သိမ်းခြင်းဖြစ်သည်။ အတင်းအကျပ် ပြန်ပို့ခြင်းလည်း မဟုတ် ပါ။ တစ်ဖက်က ငြိမ်းချမ်းရေးကို ရှေးရှု လျက်    တည်ငြိမ်ရေးကို   အားထည့် ကြိုးပမ်းပြီး   တစ်ဖက်က   လူမှုစီးပွား ဘဝများဖွံ့ဖြိုးရေးကို    ဟန်ချက်ညီညီ ဆောင်ရွက်ပေးလျက်ရှိသည်။    IDPs စခန်းများ ကြာရှည်တည်ရှိနေခြင်းသည် ဖွံ့ဖြိုးရေးလုပ်ငန်းများ    ဆောင်ရွက် ရာတွင် အဟန့်အတားများဖြစ်စေသည်။ အချို့ ပြည်တွင်းငြိမ်းချမ်းမှုမလိုလားသူများက   မြန်မာ့တပ်မတော်ကြောင့်ဟု၊ တိုင်းရင်းသားများကို ဖိနှိပ်မှုကြောင့်ဟု အကြောင်းအမျိုးမျိုးပြ၍ IDPs စခန်းများ ပိတ်သိမ်းခြင်းကို ဆန့်ကျင်နေကြသည်။ သို့သော်   လက်တွေ့တွင်မူ   နိုင်ငံတော် အစိုးရနှင့်          မြန်မာ့တပ်မတော်၏ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက် များနှင့်      တိုင်းရင်းသားဒေသများရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများသည် IDPs စခန်း များ ပိတ်သိမ်းခြင်းနှင့် ဆက်စပ်နေသည် ကို တွေ့ရပြန်သောအခါ ၎င်းတို့၏ စွပ်စွဲ ချက်များသည် တည်ငြိမ်အေးချမ်းရေးကို ဟန့်တားနှောင့်ယှက်သည့်   မလိုတမာ စွပ်စွဲချက်များသာဖြစ်ကြောင်း    တွေ့ရှိ ရမည်ဖြစ်သည်။ 
ကွင်းဆင်းစစ်ဆေးပြီးမှ ဆက်လက်
ပိတ်သိမ်းသွားမည့် အခြေအနေ 
IDPs/ ယာယီတိုက်ပွဲရှောင်ဟူသည် နောက်ခံသမိုင်း   နေရာဒေသပေါ်တွင် မူတည်၍ ဖြစ်ပေါ်လာပုံခြင်း၊ ရပ်တည် နေထိုင်ပုံချင်းမတူကြ၍  ၎င်းစခန်းများပိတ်သိမ်းမည်ဆိုလျှင် စိစစ်သုံးသပ်၍ အကြံပြုချက်များနှင့်တကွ ပိတ်သိမ်းရန် လိုအပ်သည့်အတွက် IDPs စခန်းများအား ကွင်းဆင်းစစ်ဆေးပြီး တွေ့ရှိချက်များကို ခွဲခြမ်းစိတ်ဖြာ     စိစစ်သုံးသပ်သည့် အဖွဲ့တစ်ခုကို    ထပ်မံဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့်အတူ အကြံပြုတင်ပြချက်များကိုပါ   အထူး အလေးထားပြီး     ဆက်လက်ပိတ်သိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။    မြန်မာနိုင်ငံတွင်   အကြောင်း အမျိုးမျိုးကြောင့်    IDPs   စခန်းများ ဖွင့်လှစ်ထားရှိသော ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်များရှိ စုစုပေါင်း IDPs စခန်း ၁၁၀   ခန့်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုံလောက်သည့်      တွေ့ရှိချက်များနှင့် အပြုသဘောအကြံပြုချက် များရရှိခဲ့ခြင်း က    စခန်းများအောင်အောင်မြင်မြင် ပိတ်သိမ်းရေးကို များစွာအထောက်အကူ ဖြစ်စေခဲ့သည်။ 
IDPs  စခန်းများကို  ပိတ်သိမ်းရုံနှင့် မပြီး   နောက်ဆက်တွဲ   ပြန်လည်နေရာ ချထားရေး၊ အခြေခံအဆောက်အဦနှင့် စားဝတ်နေရေး၊ အသက်မွေးဝမ်းကျောင်း၊ ကျန်းမာရေး၊  ပညာရေး စသည့်အခြေခံ လိုအပ်ချက်များစွာကို   ဖြေရှင်းဆောင် ရွက်ပေးရပါဦးမည်။ ပြောင်းရွှေ့စရိတ်၊ အိမ်ဆောက်ပစ္စည်းမှအစ ကယ်ဆယ်ရေး ပစ္စည်းများ၊ သင့်တော်သည့် ကာလတစ်ခု အထိ    ဆန်ရိက္ခာအပါအဝင်   အခြေခံ စားသောက်ကုန်များ   ထောက်ပံ့ရန်၊ အိမ်ထောင်စုများ ပြန်လည်နေရာချထား ရန်၊    နေအိမ်အသစ်များ   ပြန်လည် ဆောက်လုပ်ရန်   မြေနေရာ၊  ရေ၊  မီးရရှိ ရေး၊ သွားရေးလာရေး အဆင်ပြေစေရေး စသည့်       လိုအပ်ချက်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊  လူမှုရေး ဘာသာရေးအသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့်     ညှိနှိုင်း ပေါင်းစပ်ပြီး ကူညီထောက်ပံ့ပေးလျက် ရှိပါသည်။ ထို့ပြင် ၎င်းတို့၏ နေရပ်ပြန်နိုင် ရေးအတွက်    မိတ်ဆွေနိုင်ငံအချို့နှင့် ပြည်တွင်း   ပြည်ပ  အဖွဲ့အစည်းအချို့ ကလည်း  တစ်ဖက်တစ်လမ်းမှ   ကူညီ ထောက်ပံ့ပေးနေသည်ကို မြင်တွေ့ရသည်။ 
ငြိမ်းချမ်းရေးတရားခံနှင့် 
IDPs စခန်းများဖြစ်တည်ခြင်း၏အစ မငြိမ်းချမ်းခြင်း
ဤပြည်တွင်းနေရပ်စွန့်ခွာ   တိမ်း ရှောင်သူများ၊ ၎င်းတို့နေထိုင်ရာစခန်းများ ဖြစ်တည်ခြင်း၏   ပင်ရင်းအခြေခံသည် မငြိမ်းချမ်းခြင်း၊     မတည်ငြိမ်ခြင်းက မူလအစ ဖြစ်သည်။ သို့ဖြင့် မတည်ငြိမ်၊ မငြိမ်းချမ်းခြင်း၏ အစကိုကောက်ရလျှင် ငြိမ်းချမ်းရေးကို သစ္စာဖောက်သည့် EAO အချို့ကိုပင်    အပြစ်တင်ရပါလိမ့်မည်။ လက်ရှိအခြေအနေတွင်    မြွေပူရာ ကင်းမှောင့်ဆိုသလို NUG , PDF အမည်ခံ အကြမ်းဖက်သမားများနှင့်  ၎င်းတို့ကို ကူညီထောက်ပံ့ပြီး ဆူပူအကြမ်းဖက်မှုနှင့် မငြိမ်သက်မှု      သက်ဆိုးရှည်အောင် လုပ်နေကြသည့်   အချို့   EAO  တို့၏ လုပ်ရပ်မှာ       စိတ်မချမ်းမြေ့စရာပင် ဖြစ်တော့သည်။   တပ်မတော်ကတော့ ငြိမ်းချမ်းရေးကို  အကြိမ်ကြိမ်  ဖိတ်ခေါ် နေသည်။
တစ်ဖက်သတ်   အပစ်အခတ်ရပ်စဲ ထားပြီး စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းဆီ အကြိမ်ကြိမ်      ဖိတ်ခေါ်နေသည်မှာ တပ်မတော်ဘက်ကသာ     ဖြစ်သည်။ မိမိတို့ မြို့ရွာ၊  တပ်စခန်း၊   ရဲစခန်းများ ကို   ဝင်ရောက်တိုက်ခိုက်ခံရသည့်အခါ ပြန်လည်တုံ့ပြန်တိုက်ခိုက်သည်မှ လွဲ၍ တပ်မတော်ဘက်က စတင်သည့် ထိုးစစ် များမရှိ။ ရှင်းပါသည်၊ ငြိမ်းချမ်းရေး၏ တရားခံမှာ   မည်သူနည်း။   တိမ်းရှောင် စခန်းများဖွင့်ထားရခြင်း၊ ပိတ်သိမ်းနိုင်မှု မရှိသေးခြင်း၏ တရားခံမှာ မည်သူနည်း။ တိုင်းရင်းသားအားလုံး    လိုချင်သည့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့်   ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေသူမှာ မည်သူနည်း။ ဆိုးရွား သည့်   ရာဇဝတ်မှုများနှင့်  အကြမ်းဖက် ကျူးလွန်နေသူများကား   မည်သူနည်း။ အထက်ပါကိစ္စရပ်များအပေါ် တာဝန်ယူ တာဝန်ခံမှုများရှိမှသာ ယနေ့ကြုံတွေ့ နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများ ကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ယုံကြည် သည့်အတွက် ယနေ့နိုင်ငံတော်ကလည်း လူသားချင်း        စာနာထောက်ထားမှု  အပြည့်အဝဖြင့်  အမျိုးသားရေးတာဝန် တစ်ရပ်သဖွယ် ခံယူဆောင်ရွက်နေခြင်း ဖြစ်သည်။ 
မည်သို့ပင်ဆိုစေ  IDPs  စခန်းများ ပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေး လုပ်ငန်းများသည် လူသားချင်းစာနာမှုအခွင့်အရေးအောက်တွင် စိတ်စေတနာ ကောင်းဖြင့် မည်မျှကြိုးပမ်းဆောင်ရွက် စေကာမူ   စိန်ခေါ်မှုများကား  ရှိနေမည် သာဖြစ်သည်။       အဓိကကျသည်က တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးပင် ဖြစ်သည်။ တစ်ဖက်ကလည်း တပ်မတော် အနေဖြင့် ရေရှည်ပဋိပက္ခများကင်းဝေး ပြီး   တည်မြဲသည့်  ငြိမ်းချမ်းရေးကို ရရှိအောင်    ကြိုးပမ်းဆောင်ရွက်နေရ သည်မှာ အားလုံးအသိပင်ဖြစ်သည်။ 
နိုင်ငံတော်အနေဖြင့်    IDPs  နှင့် ယာယီတိုက်ပွဲရှောင်   စခန်းများတွင် ရောက်ရှိနေသော တိုင်းရင်းသားပြည်သူ များ၏   ဘေးကင်းလုံခြုံရေးအတွက် သာမက   လူသားတို့၏  ဂုဏ်သိက္ခာ အတွက်ပါ      စဉ်းစားဆောင်ရွက်နေရ သည်။     အသိပညာပေးမှုများနှင့်အတူ စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းများကိုပါ တစ်ပါတည်း     ဆောင်ရွက်ကြရသည်။ အရေးအကြီးဆုံးမှာ   တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့   ယုံကြည်မှုနည်းနေ၍ မရဘဲ အပြန်အလှန်ယုံကြည်မှုရှိရန်နှင့် နားလည်မှုရှိကြရန်သာ   အဓိကဖြစ်သည်။ အခြေခံလိုအပ်ချက်များအတွက် အပြန် အလှန်ဖြည့်ဆည်းပြီး    ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်သာ      ဖြစ်သည်။ သို့မှသာ အိမ်ပြန်ချင်၍   အိမ်ပြန်ရောက် သည့် မိသားစုများ အမှီခိုကင်းကင်းဖြင့် ရေရှည်ဘဝအာမခံချက်ကို   ရရှိကြမည် ဖြစ်ပြီး    မိမိတို့ရပ်ရွာ  တည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေးကို   အတူတကွ လက်တွဲပါဝင်  ပူးပေါင်းဆောင်ရွက်နိုင် ကြမည်ဖြစ်ပါသည်။      ။