မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ တက်ရောက်လာကြသူများ၏ ဝမ်းသာပီတိစကားသံများ

 

တွေ့ဆုံမေးမြန်း - ဝင်းသန့် ၊ ဓာတ်ပုံ - ဟိန်းမင်းစိုး
 

ကိုဗစ်-၁၉    ကမ္ဘာ့ကပ်ရောဂါ ကြောင့် ရပ်နားခဲ့ရသည့်   မြန်မာ့ ရုပ်ရှင်      ထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့တွင် နေပြည်တော် မြို့တော် ခန်းမအနီးရှိ  လဟာပြင်ကဇာတ်ရုံ တွင်   ခမ်းနားထည်ဝါစွာ  ကျင်းပ ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်၊  ၂၀၂၂   ခုနှစ်   သုံးနှစ်စာအတွက် ရုပ်ရှင်ထူးချွန်ဆုများ   ချီးမြှင့်နိုင် ခဲ့သည်။ ထိုကဲ့သို့ ချီးမြှင့်နိုင်ခြင်း သည်  အနုပညာလောက  ဖွံ့ဖြိုး  တိုးတက်ရေးအတွက်     အရှိန် အဟုန်ဖြင့်  အရွေ့တစ်ခုဖြစ်သလို ပြည်သူလူထု      အတွက်လည်း မျှော်လင့်စောင့်စား     ရင်ခုန်ရ သည့်  အခမ်းအနားတစ်ခုဖြစ်ရာ တက်ရောက်   လာကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါ သည်။ 


အကယ်ဒမီ ဒါရိုက်တာ
စင်ရော်မောင်မောင်


တစ်သက်မှာ    သုံးနှစ်ဆက် တိုက်ပေးတဲ့      အကယ်ဒမီပွဲကို တက်ရမယ်လို့   တစ်ခါမှ   မထင်ခဲ့ ပါဘူး။    ဒီအကယ်ဒမီပွဲမှာ   စီမံ ကွပ်ကဲမှု   ဒါရိုက်တာ  တာဝန်ယူ ထားပါတယ်။  ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနဲ့ သေချာ ဆွေးနွေးပြီး တစ်ထောင့်တစ်နေရာ  ကနေ  ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။  ပြင်ဆင်ခဲ့တာ ငါးလ ခန့်ရှိပါပြီ။     ဒီအကယ်ဒမီပွဲက သုံးနှစ်စာ ပေးတဲ့အတွက်လည်း ထူးခြားပါတယ်။  မလုပ်တာကြာပြီ ဖြစ်တဲ့ နေပြည်တော်မှာ ပြန်လည် ကျင်းပတဲ့အတွက်လည်း  ထူးခြား ပါတယ်။ အစီအစဉ်တက်ဆက်မှုနဲ့ မီးအလင်းအမှောင်တွေကလည်း ထူးခြားပါတယ်။   ထူးချွန်ဆုကို   ၃၃ ဆု လျာထားပါတယ်။ 


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း


ဒီနှစ်မှာ  အကယ်ဒမီဆုရရှိ ပြီးသူတွေကို  ရွှေရင်ထိုးလေးတွေ ပေးအပ်ဖို့    မြန်မာနိုင်ငံ   ရုပ်ရှင် အစည်းအရုံးက    စိတ်ကူးရပြီး တော့     စတင်စီစဉ်တာဖြစ်ပြီး  ဦးသန်းဌေး(ကိုဂျက်)က  ကူညီ ပံ့ပိုးပေးတာဖြစ်ပါတယ်။   ဒါကို နိုင်ငံတော်က       သိတဲ့အခါမှာ ကြယ်ပွင့်လေးကိုပါ ထပ်ပေါင်းပြီး စီစဉ်တာဖြစ်လို့     ဂုဏ်ယူစရာ ကောင်းပါတယ်။   အကယ်ဒမီဆု ရရှိပြီးသူတိုင်း    ရင်ထိုးလေးတွေ ရရှိကြမှာဖြစ်ပါတယ်။ အားလုံးကို ပျော်ရွှင်စေဖို့     စီစဉ်တာဖြစ်ပါ တယ်။ သုံးနှစ်စာအတွက် ထူးချွန် ဆုပေးပွဲကို     နေပြည်တော်မှာ အခုလို  ခမ်းခမ်းနားနား  ကျင်းပ နိုင်ခဲ့တဲ့အတွက်   ရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ အထူးပျော်ရွှင်မိပါတယ်။  ရုပ်ရှင် ထူးချွန်ဆုပေးပွဲဆိုတာ     ရုပ်ရှင် လောကသားတွေအတွက် ပွဲတစ်ခု  ဖြစ်ပြီး  ဒီပွဲကိုနိုင်ငံတော်က ပံ့ပိုး ပေးတဲ့အတွက်လည်း   ကျေးဇူး တင်ပါတယ်။ 


ရုပ်ရှင်တေးဂီတဆုရရှိသူ အကယ်ဒမီ ဒါရိုက်တာ အောင်ကိုလတ်


သုံးနှစ်စာဆိုတော့ ထူးချွန်ဆု တွေ များပါတယ်။ ဇာတ်ကားတွေ လည်း   အများကြီး   တွေ့ရသလို ပံ့ပိုးတဲ့   အတတ်ပညာရှင်တွေရဲ့ လက်ရာတွေကိုလည်း အများကြီး တွေ့ရပါတယ်။ အခုလို သုံးနှစ်ကို တစ်ပြိုင်တည်းပေးတာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။  ဆန်ခါတင် ဇာတ်ကားဖြစ်တဲ့   ဂန္ဓဗ္ဗဇာတ်ကား က ပြင်ဆင်မှု  လေးနှစ်ခွဲ  ငါးနှစ် အချိန်ယူရပါတယ်။     သာမန် ဇာတ်ကား   တစ်ကားနဲ့မတူဘဲ မြန်မာ့ရိုးရာစောင်းရဲ့ ခုနစ်ကြိုးနဲ့ ၁၆ကြိုးကာလာနဲ့   ဂျပန်နိုင်ငံရဲ့ ရိုးရာဂီတတွေကို  ပေါင်းစပ်ဖြစ်ခဲ့ ပါတယ်။      ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်လက်ထဲ    ရောက်ခဲ့ တယ်။ အခုဆိုရင်  ဂျပန်နိုင်ငံမှာ ပြဖို့စီစဉ်နေပါတယ်။ 


အကယ်ဒမီ ခင်သီတာထွန်း


၂၀၁၉-၂၀၂၀ မှာ အကယ်ဒမီ အတွက် မျှော်မှန်းလို့ရတဲ့သူတွေ အများအပြား     တွေ့ရပါတယ်။ ၂၀၂၀-၂၀၂၂      အတွက်ကတော့ နည်းသွားတယ်။ ဒါပေမယ့်သုံးနှစ် စာ ပေါင်းလိုက်တော့  ဆန်ခါတင် စာရင်းမှာ        အများကြီးပါပဲ။ တော်တဲ့သူတွေ အကယ်ဒမီဆုရဖို့ အလားအလာရှိတဲ့သူတွေ အများ ကြီး  တွေ့ရပါတယ်။ မျှော်မှန်းတဲ့ သူတိုင်းရပါစေလို့   ဆုတောင်းပါ တယ်။ ကိုယ်တိုင်လည်း ရုပ်ရှင် ထူးချွန်ဆုရဖို့ နှစ်တွေအများကြီး မျှော်မှန်းရတာတွေ ရှိခဲ့ပါတယ်။ အနုပညာသမား    တစ်ယောက် ဖြစ်တဲ့အတွက်    အကယ်ဒမီလို့ ကြားလိုက်တာနဲ့ ရင်ခုန်ပါတယ်။ တော်တဲ့        အနုပညာရှင်တွေ၊ ဇာတ်ပို့၊ ဇာတ်ဆောင်တွေ၊ အတတ်  ပညာရှင်တွေ    အများကြီးရှိတဲ့ အတွက် သူတို့လည်း ရင်ခုန်နေကြ မှာပါ။        အကယ်ဒမီကတော့ အနုပညာရှင်တိုင်း မျှော်မှန်းထား တဲ့    ပန်းတိုင်တစ်ခုဖြစ်ပါတယ်။  အနုပညာအလုပ်တွေ  ဆက်လက် လုပ်ဆောင်ဖို့   ခွန်အားတွေ   ရရှိ စေပါတယ်။ 


အကယ်ဒမီ ထက်ထက်မိုးဦး


အကယ်ဒမီဆိုတာ    အနု ပညာရှင်တိုင်းအတွက် ရည်မှန်း ချက် ပန်းတိုင်ဖြစ်ပါတယ်။ အရင် က တစ်နှစ်တစ်ခါပေးခဲ့တာဖြစ်ပြီး အခု သုံးနှစ်စာဆိုတော့ အကယ် ဒမီဆုတွေ အများကြီးရကြမှာပါ။ အကယ်ဒမီဆိုတာနဲ့     ရင်ခုန်ပါ တယ်။  အားလုံးကိုယ်စား ရင်ခုန် ရပါတယ်။       ကျွန်မအနေနဲ့ အကယ်ဒမီရခဲ့တဲ့   နှစ်တွေထဲမှာ  ၁၉၉၆ ခုနှစ်က ပထမဆုံးရခဲ့တဲ့နှစ် ဆိုတော့ ရင်ခုန်ရဆုံးဖြစ်ပါတယ်။   အားလုံး ကျန်းမာချမ်းသာကြပါစေ လို့ ဆုတောင်းပေးပါတယ်။ 


အကယ်ဒမီ မို့မို့မြင့်အောင်


မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရဖို့ ဆိုတာ အနုပညာရှင်တွေအတွက် အတော်ကို ကြိုးစားရတယ်။ ရပြီး သွားလည်း   ထပ်မံရချင်ကြတာ ပါပဲ။ ကျွန်မအခု   အသက် ၆၀ ကျော်သည့်တိုင်   ရချင်နေတုန်း ပါပဲ။ ထပ်မံလည်း ကြိုးစားနေဦး မှာပါပဲ။   ဒါအနုပညာရှင်တွေရဲ့ စိတ်ဓာတ်ပါပဲ။   ချစ်တဲ့ပရိသတ် ကြီးလည်း အခုအကယ်ဒမီဆုရတဲ့  မောင်တွေ၊ ညီမတွေလိုပဲ ပျော်ရွှင် နိုင်ကြပါစေလို့  ဆုတောင်းပေးပါ တယ်။ 


အကယ်ဒမီ ဆွေဇင်ထိုက်


ကျွန်မတို့ မြန်မာ့ရုပ်ရှင်မှာ အကယ်ဒမီပေးပွဲဆိုတာ ၁၉၅၂ ခုနှစ်ကတည်းက    စတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က မရှိသေးတဲ့သူတွေက ရအောင် ကြိုးစားချင်လာမယ်။  ရပြီးသွား လည်း    နောက်ထပ်ရရှိအောင် အားပေးတာ၊  အသိအမှတ်ပြုပေး  ရတာ   ဖြစ်ပါတယ်။   ဒီနှစ်ကတော့ သုံးနှစ်စာပေါင်းပြီး ပေးတာဖြစ်ပါ တယ်။ အနုပညာဆိုတာ  အရှိန် ရှိပါတယ်။ တစ်နှစ်ကနေ နောက် တစ်နှစ်  တက်သွားရတာဖြစ်ပါ တယ်။ သုံးနှစ်တောင် ကြာသွားပြီ ဆိုတော့     အေးသွားမှာစိုးတဲ့ အတွက်      ဒီလိုကျင်းပဖြစ်တာ ကျေးဇူးတင်ပါတယ်။     ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့  ဖက်ရှင်နဲ့ ပတ်သက်ပြီး  ဆုချီးမြှင့်ပေးတာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလို ပေးလေ့ပေးထရှိတဲ့အတွက် ဆုတစ်ခုအနေနဲ့  ထည့်ပြီး စီစဉ် တာဖြစ်ပါတယ်။  


အကယ်ဒမီ ရန်အောင်


ရွှေကြိုတွေကတော့ သုံးနှစ် စာဖြစ်တဲ့အတွက် အယောက် ၄၀ ဖြစ်သွားပါတယ်။   အတော်လေး လည်း စိစစ်ရွေးချယ်ခဲ့ရပါတယ်။ ကလေးတွေ    အားလုံးကလည်း ပျော်ကြတယ်။ အကယ်ဒမီပေးပွဲ တွေ     အတော်များများလည်း တက်ခဲ့ဖူးပါတယ်။   အကယ်ဒမီ တွေလည်း ရခဲ့ဖူးတယ်ဆိုပေမယ့် အခုနှစ်ကတော့  အရင်နှစ်တွေနဲ့ မတူတဲ့   တင်ဆက်မှုတွေလည်း တွေ့ရတယ်။     သုံးနှစ်စာဆိုတဲ့ အတွက်   ဆုအမျိုးအစားတစ်ခု မှာ    သုံးဦးရတာကို   တွေ့ရမယ် ဆိုတော့      ပျော်စရာကောင်းပါ တယ်။     မြန်မာ့ရုပ်ရှင်ကိုချစ်တဲ့  ပရိသတ်တွေရှိလို့   မြန်မာ့ရုပ်ရှင်  က ရှင်သန်နေရတာ ဖြစ်ပါတယ်။ ရုပ်ရှင်အနုပညာရှင်တွေ၊ အတတ် ပညာရှင်တွေအားလုံးက  ပရိသတ်  ရဲ့       အားပေးမှုအပေါ်မှာပဲ  ရပ်တည်ရတာ     ဖြစ်ပါတယ်။ အားပေးမှုဆိုတဲ့   ပီတိကိုစားပြီး တော့ အလုပ်တွေ လုပ်နေရတာ ဖြစ်ပါတယ်။      ပရိသတ်တွေ  အားပေးမှုရှိတဲ့အတွက် အကယ်ဒမီ ပေးပွဲဆိုတာ   ဖြစ်လာရတာပါ။ အခု     ပရိသတ်တွေကလည်း သောင်းသောင်းဖြဖြနဲ့ အားတက်  သရောရှိကြပါတယ်။ အင်မတန် ဝမ်းသာဖို့      ကောင်းပါတယ်။ အနုပညာရှင်တွေ အားလုံးလည်း စုစုစည်းစည်း ပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့ရတဲ့အတွက်   ကြည်နူးမိပါ တယ်။ 


သရုပ်ဆောင် ကျော်ထက်အောင်


ဒီနှစ်က  သုံးနှစ်စာချီးမြှင့်တာ ဖြစ်ပါတယ်။      အကယ်ဒမီနဲ့ ပတ်သက်ပြီး ဒီနှစ်က  လျှို့ဝှက် သိုသိပ်တော့  ဘယ်သူတွေရမယ် ဆိုတာ ခန့်မှန်းဖို့  မသိဘူးဖြစ်နေ တယ်။     ဆန်ခါတင်ဇာတ်ကား တွေက        အများကြီးဆိုတော့ တကယ်တော်တဲ့သူတွေ ရကြမှာ ပါ။ 


အကယ်ဒမီ နန္ဒာလှိုင်


အကယ်ဒမီဆိုတာ အနုပညာ သမားတိုင်း ရချင်ကြတဲ့ ဆုတစ်ဆု  ပါပဲ။          အင်တိုက်အားတိုက်နဲ့ သုံးနှစ်စာပေးမယ့် ဒီလိုနှစ်မျိုးမှာ ဘယ်သူတွေရရ   ဝမ်းသာမှာပါ။ ကျွန်မ    အကယ်ဒမီရတဲ့နှစ်က လည်း        အကယ်ဒမီပေးပွဲကို နေပြည်တော်မှာပဲ ကျင်းပခဲ့တာ ပါ။    ပရိသတ်တွေနဲ့   အခုလို  ပြန်လည်တွေ့ဆုံရတာ  ဝမ်းသာပါ တယ်။ 


အကယ်ဒမီ ခိုင်သင်းကြည်


ဒီနေ့     အကယ်ဒမီပေးပွဲကို တက်ရောက်ရတဲ့အတွက် ပျော်ပါ တယ်။ ၂၀၁၉ ခုနှစ်မှာ ကျွန်မပါဝင် သရုပ်ဆောင်ထားတဲ့ ရိုးမပေါ်ကျ တဲ့မျက်ရည်      ဇာတ်ကားက  အကယ်ဒမီ    ဆန်ခါတင်စာရင်း ထဲမှာပါပါတယ်။ ဇာတ်ကားအနေ နဲ့လည်း အလွန်ကောင်းပါတယ်။ သရုပ်ဆောင်တွေ     အားလုံးက လည်း သူ့နေရာနဲ့သူ ဇာတ်ရုပ်က လိုက်ဖက်ပါတယ်။ 


အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်


ကျွန်မအနေနဲ့    အနုပညာ အလုပ်တွေ  မလုပ်တာကြာတော့ ကိုယ်ကျင်လည်ခဲ့တဲ့  လောကက မိတ်ဆွေတွေ၊   သူငယ်ချင်းတွေ အားလုံးကို    တွေ့ချင်လို့လာတာ ပါ။ ကျွန်မရဲ့ဇာတ်ကားတွေအနေ နဲ့    သူစိမ်းအိမ်နဲ့    စရိုက်ဆိုပြီး အကယ်ဒမီ  ဆန်ခါတင်နှစ်ကား ပါပါတယ်။  


အကယ်ဒမီ စိုးပြည့်သဇင်


ရွှေမင်းသမီး    ဇာတ်ကားကို တော့     စပြီး    ရိုက်ကတည်းက အတတ်နိုင်ဆုံး     ရွှေရည်ဆိုတဲ့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် ကြိုးစားခဲ့ရပါတယ်။  ဒီကားက  အများကြီး   ကြိုးစားအားထုတ်ခဲ့ ရတဲ့       ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ တောင်ငူမြို့တည်၊    နန်းတည်ကို အခြေခံပြီး  ရိုက်ထားတာဖြစ်တဲ့ အတွက် ပိုပြီးအမှတ်တရဖြစ်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အကယ်ဒမီ ပေးပွဲတိုင်း      အကယ်ဒမီရခဲ့တဲ့ အခိုက်အတန့်ကို          အမြဲတမ်း မှတ်မိပါတယ်။ အခုလို  အနုပညာ မောင်နှမတွေ        အများကြီးကို ကျန်းကျန်းမာမာနဲ့     ပြန်လည် တွေ့ဆုံရတဲ့အတွက်   ဝမ်းသာပါ တယ်။      ပရိသတ်တွေလည်း  ကျန်းမာချမ်းသာခြင်းနဲ့ ဆုတောင်း ပေးပါတယ်။ 


သရုပ်ဆောင်ယွန်းယွန်း


သုံးနှစ်စာဆိုတော့ ဆန်ခါတင် ဇာတ်ကားတွေ    အများကြီးပါပဲ။    တကယ်ကိုထိုက်တန်ပြီး ပရိသတ် အကြိုက်နဲ့ထပ်တူကြမယ့် သရုပ် ဆောင်တွေ  ရရှိကြပါစေလို့   ဆန္ဒ ပြုပါတယ်။   အားလုံးက  စီနီယာ အစ်ကို၊ အစ်မတွေ ဖြစ်တဲ့အတွက် ဘယ်သူရရ ပျော်မှာပါ။       ။