
နေပြည်တော် မေ ၆
ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် မင့်စ်ခ်မြို့ရှိ နိုင်ငံတကာ လေ့ကျင့်ရေး အကယ်ဒမီသင်တန်းကျောင်း သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး Major General Vasilyev Aleksandr Pavlovich က သင်တန်းကျောင်း ၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းဆောင်ရွက်နေမှု၊ ရွှေ့ပြောင်း သွားလာခြင်း၊ လူကုန်ကူးမှုတားဆီးရေးဆိုင်ရာများ နှင့် ပတ်သက်၍ လေ့ကျင့်သင်ကြားပေးနေမှု၊ နိုင်ငံခြားသားသင်တန်းသားများအတွက် လေ့ကျင့် သင်ကြားပေးသည့် နည်းစနစ်များကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ ပြန်လည်မေးမြန်းပြီးနောက် ကျောင်းအုပ်ကြီးက သင်တန်းကျောင်းအတွင်းရှိ စာသင်ခန်းများနှင့် သင်ထောက်ကူပြုပစ္စည်းများ ကို လိုက်လံရှင်းလင်းပြသကြ၍ အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်နေသော x-Infotech ကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက ဘယ်လာရုစ်သမ္မတနိုင်ငံ၏ e-Government စနစ်နှင့်ချိတ်ဆက်၍ e-ID စနစ် အကောင်ထည်ဖော် ဆောင်ရွက်နေမှုများတွင် နည်းပညာပိုင်းဆိုင်ရာအရ ပူးပေါင်းဆောင်ရွက် နေမှုများနှင့် e-ID စနစ်နှင့်ပတ်သက်၍ နိုင်ငံတကာ ၌ ဆောင်ရွက်ခဲ့မှုများကို Power Point ဖြင့် ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သိရှိလို သည်များအား မေးမြန်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်