
နေပြည်တော် မေ ၆
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြား သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အဖွင့်အမှာစကားပြောကြား
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် European Centre for Medium-Range Weather Forecasts (ECMWF)၊ Global Forecast System (GFS) Model (၂)ခုနှင့် မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့၏ ကြိုတင်ခန့်မှန်းမှုအရ ဘင်္ဂလားပင်လယ်အော်အတွင်း မေလ ၈ ရက်၌ လေဖိအားနည်းရပ်ဝန်းမှ တစ်ဆင့် မုန်တိုင်းဖြစ်ပေါ်ရာမှ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ မြန်မာ နိုင်ငံ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး စပ်ကြားနယ်မြေ(သို့မဟုတ်) ကမ်းရိုးတန်း သို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းချက် အရ ရုံးပိတ်ရက် ဖြစ်သော်လည်း နိုင်ငံတော်အတွက် အချိန်ပြည့်တာဝန်ထမ်းဆောင်ရန် တာဝန်ရှိကြသည့် မိမိတို့ ပြည်သူ့ဝန်ထမ်းများက အားလပ်ရက် အနား မယူဘဲ ပြည်သူများ သဘာဝဘေးအန္တရာယ်မှ အဆုံး အရှုံးအနည်းဆုံးဖြင့် ကျော်လွှားနိုင်ရေး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအဝေးအား ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း။
မြန်မာ့ကမ်းရိုးတန်းဒေသသို့ မုန်တိုင်းဝင်ရောက် မည့်လမ်းကြောင်းအား ဖြစ်နိုင်ခြေအရ လမ်းကြောင်း (၂) ကြောင်း ခန့်မှန်းထားပါကြောင်း၊ ပထမ လမ်းကြောင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့အကြားမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည့် ခန့်မှန်း လမ်းကြောင်းနှင့် ဒုတိယလမ်းကြောင်းအနေဖြင့် ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်သန်း၍ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်မည်ဆိုသည့် လမ်းကြောင်းကိုလည်း ခန့်မှန်းထားပါကြောင်း၊ ယင်းတို့သည် ခန့်မှန်းချက် များ ဖြစ်ပါကြောင်း၊ အတိအကျအနေဖြင့် လေဖိ အားနည်းရပ်ဝန်းစတင်၍ မုန်တိုင်းဖြစ်ပေါ်လာမှသာ ဝင်ရောက်မည့်လမ်းကြောင်းကို သိရှိရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ မေ ၁၃ ရက်နှင့် ၁၄ ရက်ခန့်တွင် မုန်တိုင်းဝင်ရောက်မည်ဟု ခန့်မှန်း ထားကြပါကြောင်း။
လုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်
ထို့ကြောင့် မုန်တိုင်းဝင်ရောက်လာမည်ဆိုပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ယခုကတည်း ကပင် စတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တည်မြဲအမိန့်(၂၀၂၂)ခုနှစ်ကို ထုတ်ပြန် ထားပြီးဖြစ်ကြောင်း၊ တပ်မတော်ပိုင်းဆိုင်ရာတွင် လည်း ထုတ်ပြန်ထားသကဲ့သို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှလည်း ပြုစုပြီး ထုတ်ပြန်ထားခြင်းများ ရှိပါကြောင်း၊ အလားတူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုနှင့်ပတ်သက်သည့် တည်မြဲအမိန့်၊ လုပ်ထုံး လုပ်နည်းများကို ရေးဆွဲထားပြီးဖြစ်မည်ဟု ယုံကြည် ပါကြောင်း။
အကယ်၍ မုန်တိုင်းသည် တခြားနေရာများသို့ လမ်းကြောင်းပြောင်း၍ ဝင်ရောက်သွားပါကလည်း မိမိတို့အတွက် ယခုလိုကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းသည် လေ့ကျင့်ဆောင်ရွက်ပြီး အကျိုးကျေးဇူးကို ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြင်ဆင်မှုသည် မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စတစ်ရပ်ဖြစ်သည့် အတွက် ယနေ့ အရေးပေါ်အစည်းအဝေးကိုခေါ်ယူ ရခြင်း ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုနှင့် စပ်လျဉ်း၍ အပိုင်း(၂) ပိုင်းရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ အမျိုးသားအဆင့် တုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် တုံ့ပြန်ဆောင်ရွက်ခြင်းဟူ၍ ဖြစ်ပါကြောင်း၊ အမျိုးသား အဆင့် တုံ့ပြန်ဆောင်ရွက်ခြင်းတွင် စီမံချက်များ၊ ညွှန်ကြားချက်များ ရှိပြီးဖြစ်ပါကြောင်း၊ ယင်းတို့ကို ယခုမှစတင်၍ ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မုန်တိုင်းနှင့်ပတ်သက်၍ အတွေ့အကြုံများ ရှိပြီးဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်း များအနက် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နာဂစ် မုန်တိုင်းသည် ထိခိုက်ဆုံးရှုံးမှုများပြားသည့် မုန်တိုင်း ကြီးဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်ရန်လိုအပ်
ထို့ကြောင့် အရေးပေါ်စီမံခန့်ခွဲမှုနှင့် ပတ်သက် သည့် အချက်အလက်များကို ပြုစုထားပြီးလည်းဖြစ်ပါ ကြောင်း၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက် ရသည့် ပစ္စည်းကိရိယာများကိုလည်း ပြည့်ပြည့်စုံစုံ ဖြစ်စေရန် ကြိုတင်စုံစမ်းဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်သည့်အခါတွင် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသာမက သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်တွင်ရှိသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့များ ကလည်း ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် စေတနာ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ ပေါင်းစပ်ညှိနှိုင်း၍ ပြင်ဆင်သင့်သည့် လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အလားတူ ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြ သည့် ပြည်သူများအတွက်လည်း မြို့နယ်၊ ကျေးရွာ များ အလိုက် ယခုကတည်းကပင် ပြင်ဆင်ဆောင်ရွက် ရန်လိုအပ်ပါကြောင်း။
အဆိုပါ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တည်မြဲအမိန့် (၂၀၂၂ ခုနှစ်) ပါအတိုင်း အမျိုးသားအဆင့် အရေးပေါ် စီမံခန့်ခွဲမှု၊ တုံ့ပြန်မှုအတွက် အခန်း(၄)ခန်းပါ လုပ်ငန်းကော်မတီ(၁၂)ရပ်မှ ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း စသည့်လုပ်ငန်းတာဝန်များအရ ဆောင်ရွက်ကြရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အရေးပေါ်စီမံ ခန့်ခွဲမှု၊ တုံ့ပြန်မှုအတွက် အခန်း(၅)ပါ တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် ဖွဲ့စည်းထားသည့်လုပ်ငန်း ကော်မတီများက ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း နှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်း တာဝန်များ ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ အခန်း(၆) ပါ တပ်မတော်ပိုင်းဆိုင်ရာ ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကိုလည်း (ကြည်း၊ ရေ၊ လေ) တပ်မတော်သားများက လုပ်ငန်းတာဝန် အသေးစိတ် အလိုက် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း။
တာဝန်များခွဲဝေ၍
စီမံဆောင်ရွက်ရန် လိုအပ်
မုန်တိုင်းမဝင်ရောက်မီ ပြင်ဆင်သည့်လုပ်ငန်း များ၊ ရွှေ့ပြောင်းသည့်လုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးတွင် အသုံးပြုမည့်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အစားအသောက် များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ယခုကတည်းကပင် တည်မြဲအမိန့်ပါအတိုင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များပေါင်းစပ်ကာ တာဝန်များခွဲဝေ၍ စီမံ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသူများအနေဖြင့် မိမိတို့အတွေ့ အကြုံအရ ဌာနအလိုက် လုပ်ဆောင်သင့်လုပ်ဆောင် ထိုက်သည့်ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နှင့် ဒေါက်တာသက်သက်ခိုင်တို့က သဘာဝဘေး အန္တရာယ်အရေးပေါ် ကျရောက်လာပါက တုံ့ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) တို့က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော ဆိုင်ကလုန်းမုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ် များအား အရေးပေါ်တုံ့ပြန်နိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြ
ထို့နောက် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်သည့်အခြေအနေများ၊ မုန်တိုင်းနှင့် ပတ်သက်သည့် သတိပေးချက်များအား နိုင်ငံပိုင် မီဒီယာများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက် သွားမည့် အခြေအနေတို့ကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သဘာဝဘေးအန္တရာယ် အရေးပေါ်ကျရောက်ခဲ့ ပါက အရေးပေါ် ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားမှု၊ ဘေးကင်းခိုလှုံရာ အဆောက်အဦများ တည်ဆောက်ထားမှု၊ ကယ်ဆယ် ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ နေရာဒေသ မရွေးဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သူများက သဘာဝဘေးအန္တရာယ် အရေးပေါ်ရင်ဆိုင် တုံ့ပြန်ရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးစိုးကြည်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အရေးပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ် ချက်များအား ရှင်းလင်းတင်ပြပြီး ကော်မတီ၏ အတည်ပြုချက်ရယူသည်။
ယနေ့ကျင်းပပြုလုပ်သည့် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (Disaster Management Committee) ကို မေ ၈ ရက်မှ စတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ရုံးအမှတ် (၂၃) ၌ ဖွင့်လှစ်၍ ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရေး ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်