
နေပြည်တော် မေ ၅
ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံ လေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာမြို့နယ်ရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို ရန်ကုန် တိုင်းဒေသကြီး ရန်ကုန်မြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူစုစုပေါင်း ၉၇ ဦး၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်း လူငယ်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဟိန်းဇဲမြို့ရှိ ရေကြောင်းလူငယ်သင်တန်း စခန်းမှ သင်တန်းသား သင်တန်းသူစုစုပေါင်း ၆၀ တို့ကို သက်ဆိုင်ရာ နယ်မြေ အသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေး လျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော်(ရေ)ရေကြောင်း လူငယ်သင်တန်းစခန်း ၁၁ ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အလားတူ တပ်မတော်(လေ) က အခြေခံလေကြောင်းလူငယ် သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းများကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ လေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀ ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ရှိ လေကြောင်းလူငယ် သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့ရှိ လေကြောင်းလူငယ် သင်တန်းစခန်းမှ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၄၀၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ လေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ လေကြောင်း လူငယ်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ လေကြောင်းလူငယ် သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀ တို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့် သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်များရှိ တပ်မတော် (လေ) လေကြောင်း လူငယ်သင်တန်းစခန်း ၁၇ ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၈၀ တို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံ လေကြောင်းလူငယ်သင်တန်း(အငယ်တန်းအဆင့်)သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်