မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ (ပထမ) အကြိမ် အစည်းအဝေးကျင်းပ

 

နေပြည်တော်   မေ   ၅
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ်  တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ (ပထမ)အကြိမ် အစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီ တွင် နေပြည်တော်ရှိ ရုံးအမှတ် (၈)   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့   မူးယစ်ဆေးဝါးနှင့်   စိတ်ကို ပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး/   ရဲချုပ်   ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်၍ မူးယစ်တားဆီး ကာကွယ် ရေးဗဟိုအဖွဲ့ဝင်များ၊       ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊   ဥပဒေရေးရာနှင့် ဓာတုပစ္စည်းကျွမ်းကျင်ပညာရှင်များ၊      ဆက်စပ် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ   အရာရှိကြီးများ၊ နေပြည်တော်ကောင်စီ နယ်မြေ မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး     တိုင်းဒေသကြီး/   ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဝင်များက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။
မူးယစ်ဆေးဝါးနှင့်     စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး/ ရဲချုပ် ဗိုလ်ချုပ်   ဇင်မင်းထက်က     မြန်မာ နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ  ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့်  ဓာတုပစ္စည်းများကို ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့်    စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင်  သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ ကွန်ဗင်းရှင်း ၏ ဇယား ၁ နှင့် ၂ ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ   သတ်မှတ်သည့်   ဇယား  ၃  ဖြင့် လည်းကောင်း စုစုပေါင်း ၃၉ မျိုးကို ထိန်းချုပ်ဓာတု ပစ္စည်းများအဖြစ် သတ်မှတ်ထားပါကြောင်း၊  ထိန်းချုပ် ဓာတုပစ္စည်းများ တရားမဝင်သိုလှောင်၊ သယ်ဆောင်၊  ရောင်းဝယ်မှုများကို   မူးယစ်ဆေးဝါးနှင့်   စိတ်ကို ပြောင်းလဲစေသော   ဆေးဝါးများဆိုင်ရာ   ဥပဒေဖြင့် လည်းကောင်း၊ အလားတူ ထိန်းချုပ်ဓာတုစာရင်းတွင် မပါဝင်သည့် အခြားဓာတုပစ္စည်းများကို တရားဝင် ခွင့်ပြုချက်    တစ်စုံတစ်ရာမပါရှိဘဲ    သိုလှောင်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများပြုလုပ်ပါက ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးဥပဒေဖြင့်လည်းကောင်း      ကြပ်မတ် အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း။      
အခြားဓာတုပစ္စည်းများတွင်လည်း       မူးယစ် ဆေးဝါးနှင့်    စိတ်ပြောင်းဆေးဝါးချက်လုပ်ရာ၌ အသုံးပြုနိုင်သည့်   ဓာတုပစ္စည်းရာခိုင်နှုန်းများစွာ ရောစပ်ပါဝင်သော ဓာတုပစ္စည်းများကို အဓိကထား သိုလှောင်၊   သယ်ဆောင်ကြောင်း    တွေ့ရှိရသဖြင့် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို       ကျယ်ပြန့်စွာ ဆောင်ရွက်ကြရန် လိုလာသည်ကို တွေ့ရမည်ဖြစ်ပါ ကြောင်း၊  မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများ တရားမဝင် ရောင်းဝယ်ဖောက်ကား မှုနှင့် အလွဲသုံးမှုကိစ္စရပ်များကို ပိုမိုထိန်းချုပ်နိုင်ရေး အတွက် စိစစ်ကြပ်မတ်ရာတွင် ထိန်းချုပ်ဓာတုပစ္စည်း နှင့်   အခြားဓာတုပစ္စည်းများ၏   အခန်းကဏ္ဍသည် အလွန်အရေးကြီးလာကြောင်း၊ ဓာတုပစ္စည်းဖြစ်စဉ် များသည်   ပြည်သူ့ဘဝလုံခြုံရေးနှင့်    အမျိုးသား လုံခြုံရေးအတွက်         ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါးထုတ်လုပ်သူများထံသို့  မရောက်ရှိ စေရေးအတွက်   စိစစ်ကြပ်မတ်ရာတွင်    တားဆီး နှိမ်နင်းရေးလုပ်ငန်းနှင့် အသိပညာပေးရေးလုပ်ငန်း တို့ကို ဟန်ချက်ညီညီ  ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ အခြားဓာတု ပစ္စည်းများကို    အလွဲသုံးမှုနှင့်   လမ်းလွဲရောက်မှုမှ ကာကွယ်နိုင်ရန်အတွက်  အစိုးရ − ပုဂ္ဂလိက လက်တွဲ ဆောင်ရွက်မှု (Public-Private Partnership) “PPP” စနစ်ကို    တည်ဆဲဥပဒေများနှင့်အညီ    လိုက်နာ ဆောင်ရွက်နိုင်ရန်    အရေးကြီးပါကြောင်း၊  ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကုမ္ပဏီ/ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပေါင်းစပ်ပြီး ထိန်းချုပ်ဓာတုပစ္စည်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းကို အရှိန်အဟုန် မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဓာတု ပစ္စည်းထိန်းချုပ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ        ဆောင်ရွက်ရန် လမ်းညွှန်ထားသည့် အချက် (၂၀)ကို သက်ဆိုင်ရာဌာန များအလိုက်   အောင်မြင်စွာ   အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်        တိုက်တွန်းပြောကြား သည်။ 
ဆက်လက်၍           ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊     မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ      ဆက်လက် ဆောင်ရွက်ရန် လမ်းညွှန်ချမှတ်ခဲ့သည့် ဓာတုပစ္စည်း ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် အချက်(၂၀) ကို အသေးစိတ် ချပြရှင်းလင်း ဆွေးနွေးသည်။
ထို့နောက်   တက်ရောက်လာကြသည့်  မူးယစ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဝင်များ၊    ထိန်းချုပ် ဓာတုပစ္စည်းများကြီးကြပ်ရေးအဖွဲ့    အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် ဓာတုပစ္စည်းကျွမ်းကျင်  ပညာရှင် များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဝင်များမှ  ဓာတုပစ္စည်းထိန်းချုပ်ရေးနှင့်    ပတ်သက်၍ အကောင်အထည်ဖော်         ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို        ဆွေးနွေးတင်ပြကြခဲ့ကြောင်း သိရသည်။                                        

 သတင်းစဉ်