တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သဗ္ဗေညုစေတီတော်သို့ သွားရောက်ဖူးမြော်

 

နေပြည်တော်     မေ    ၅


တရုတ်နိုင်ငံ  နိုင်ငံတော်ကောင်စီ ဝင်နှင့်      နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  ယမန် နေ့က နေပြည်တော်မှ  ပုဂံမြို့သို့  ထွက်ခွာခဲ့ကြရာ       ညောင်ဦး လေဆိပ်၌    နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး  ဦးကျော်မျိုး ထွဋ်၊      မန္တလေးတိုင်းဒေသကြီး   လူမှုရေးရာဝန်ကြီး ဦးအောင်မင်း နှင့်   တာဝန်ရှိသူများက   ကြိုဆိုခဲ့ ကြသည်။
ယင်းနောက်        တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်    နိုင်ငံ ခြားရေးဝန်ကြီး   မစ္စတာချင်ကန်း  ဦးဆောင်သည့်     ကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင်  ပုဂံမြို့ ရွှေစည်းခုံစေတီရှိ     ချူအင်လိုင်း တန်ဆောင်း၌ ရန်ကုန်မြို့ တရုတ် သံရုံးမှ   လူငယ်များနှင့်    တွေ့ဆုံ သည်။

 


ထို့နောက်       တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်   နိုင်ငံ ခြားရေးဝန်ကြီး    ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  တရုတ်  နိုင်ငံအစိုးရ၏     အကူအညီဖြင့် ပြုပြင်မွမ်းမံနေသည့်   သဗ္ဗေညု စေတီတော်သို့ သွားရောက်ဖူးမြော် လေ့လာကြည့်ရှုခဲ့ကြပြီး  ပုဂံဘုရားများအား မော်တော်ယာဉ်  ဖြင့်  လှည့်လည်ကြည့်ရှုခဲ့ကြသည်။ 

 


ယင်းနောက်     တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြား  ရေးဝန်ကြီး        ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  ညပိုင်း  တွင်   ညောင်ဦးမြို့မှ   ပြန်လည် ထွက်ခွာခဲ့ရာ      နိုင်ငံခြားရေး ဝန်ကြီးဌာန       ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊    မန္တလေးတိုင်း ဒေသကြီး  လူမှုရေးရာ  ဝန်ကြီး ဦးအောင်မင်းနှင့်  တာဝန်ရှိသူများ က    ညောင်ဦးလေဆိပ်၌   လိုက်ပါ ပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။                

သတင်းစဉ်