
နေပြည်တော် မေ ၄
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG, MG4 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ် ၁၅ စီးနှင့် MG, MGZS အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် ၂၅ စီး၊ စုစုပေါင်းလျှပ်စစ် သုံးမော်တော်ယာဉ် အစီး ၄၀ သည် ရန်ကုန်ဆိပ်ကမ်း သို့ ရောက်ရှိလာရာ ယနေ့တွင် လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရ သည်။
သတင်းစဉ်