ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   မေ    ၄


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေ နေ့တိုင်း ရွှေသွေးဂျာနယ်ကို   ထုတ်ဝေဖြန့်ချိလျက် ရှိသည်။

 


၆-၅-၂၀၂၃ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၈) တွင် သူတစ်ပါးအပေါ် စိတ်ကောင်းထားရှိ၍ ကောင်းကျိုး များကို   ခံစားခဲ့ရသော   ညီထွေးအကြောင်းကို တင်ဆက်ထားသည့် “အဖေပြောသော ရတနာ” မျက်နှာဖုံးကာတွန်း၊ လျှပ်စစ်ဓာတ်တီထွင်ခြင်း  အဆင့်ဆင့်ကို ဗဟုသုတရဖွယ် .. တင်ဆက်ထား သည့်  “လျှပ်စစ်ဓာတ်ကို  တီထွင်ခြင်း”   သုတ ဆောင်းပါးကဏ္ဍ၊ ကလေးတို့ပေးပို့သော ကာတွန်း လက်ရာများကို   ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေး တို့လက်ရာ” ကဏ္ဍ၊ ဈေးရောင်းရာ၌ မိမိ၏ အကျိုးအမြတ်ကိုသာ  မကြည့်ဘဲ  ဝယ်ယူ စားသောက်သူများအတွက် ကျန်းမာရေးနှင့်အညီ ရောင်းချသင့်ကြောင်းရေးဖွဲ့ထားသည့် “ဖြိုးရဲ- အမြတ်” နှစ်မျက်နှာကာတွန်း၊ ပညာကို စာသင်ကျောင်းမှာသာမက အခြားရရှိနိုင်သော ပြင်ပနေရာများတွင်ပါ ကြိုးစားသင်ယူပါက  မိမိအတွက်  အကျိုးများနိုင်ပုံအကြောင်းကို အတုယူဖွယ်တင်ဆက်ထားသည့် “ပညာဆိုသည်မှာ” ဝတ္ထုကဏ္ဍ၊ ခွေးကို အမဲရိုးကောက်ခိုင်းရာ ကားပြင်သောခွကို ကောက်ခဲ့၍ ဒုက္ခရောက် ရသော ဖိုးထူးအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးထူး- အသင်မှားတော့ အမြင်မှား” တစ်မျက်နှာကာတွန်း၊ မိဘကျေးဇူးသိတတ်သည့် ယုန်လေးနှင့် သူတစ်ပါး၏အသက်ကို  အန္တရာယ်ပေးမိ၍  သူကိုယ်တိုင် အသက်ဆုံးရှုံးသွားသော မြေခွေးအကြောင်းကို ဗဟုသုတရဖွယ်တင်ဆက်ထားသည့်  “မိဘကျေးဇူး သိတတ်တဲ့ ယုန်လေး” ပုံပြင်ကဏ္ဍ၊ သူတစ်ပါး၏ အသားကိုစားလို၍ ဒုက္ခရောက်ရသော မြေခွေးနှင့် ဉာဏ်ပညာကြီးမား၍ အသက်ဘေးမှ လွတ်မြောက်ခဲ့သော ယုန်လေးအကြောင်းကို ရေးဖွဲ့ထားသည့် “အိမ်စောင့်နတ်” နှစ်မျက်နှာ ကာတွန်း၊ ဘေးအန္တရာယ်ကို သတိမမူဘဲ ကစားမက်လွန်း၍ မိခင်၏ အပြစ်ပေးခြင်းကို ခံရသော ချက်စူအကြောင်းကို ရေးဖွဲ့ထားသည့် “ချက်စူရဲ့ အပြင်ထွက်ချင်လွန်းတော့” နှစ်မျက်နှာကာတွန်း၊ ကျောင်းသားတစ်ယောက်အနေဖြင့်  မိမိ၏ပါမောက္ခအား  ခွင့်တိုင်ကြားခြင်း ပြောဆိုပုံအမျိုးမျိုးကို တင်ဆက်ထားသည့်  ရွှေသွေးအင်္ဂလိပ်စကားဝိုင်းကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀  ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။                                

သတင်းစဉ်