အုပ်စုအဖွင့်ပွဲတွင် ဖိလစ်ပိုင်ကို အနိုင်ရ၍ ဝမ်းသာမိကြောင်း မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ပြောကြား

 

ရန်ကုန်   မေ    ၄


မြန်မာ့လက်ရွေးစင်   အမျိုးသမီးအသင်းနည်းပြချုပ်ဖြစ်သူ ဂျပန် နိုင်ငံသား ယူကီက မေ ၃ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့်     ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု ပထမပွဲတွင်   ဖိလစ်ပိုင်ကို   အနိုင် ရခဲ့သဖြင့် ဝမ်းသာမိကြောင်း ပြော ကြားခဲ့သည်။

 


နည်းပြချုပ် တက်ဆုရှိ ယူကီ က  “ဖိလစ်ပိုင်အသင်းကို   အနိုင် ရခဲ့လို့    တကယ့်ကို      ဝမ်းသာပါ တယ်။ တီဗွီကနေကြည့်ရှုနေမယ့် ပရိသတ်ရော      ကွင်းအထိလာ အားပေးတဲ့ ပရိသတ်တွေ အကုန် လုံးပါ အထူးကျေးဇူးတင်ပါတယ်။  ဒီနိုင်ပွဲရဲ့နောက်မှာ      ထောက်ပံ့ ကူညီမှုတွေ အများကြီးပေးခဲ့တဲ့ နည်းပြအဖွဲ့နဲ့       အဖွဲ့ချုပ်က ဝန်ထမ်းတွေရဲ့ အားတွေကြောင့် အခုလိုအနိုင်ရခဲ့တယ်လို့ ယုံကြည် ပါတယ်။ ဒီပွဲအပြီးမှာ ကစားသမား  တွေကိုပြန်ပြီး Recovery ဖြစ်ဖို့ကို  အရင်ဆုံး       အာရုံစိုက်ပါမယ်။

 

ဗီယက်နမ်အသင်းနဲ့   ပွဲအတွက် ကိုတော့ ဒီနေ့ပွဲလိုပဲ နည်းပြအဖွဲ့ တွေ  ထောက်ပံ့ပေးမယ့်  အချက် အလက်တွေအပေါ်မှာ     ကစား သမားတွေ    ကိုက်ညီတဲ့   စနစ် တစ်ခုနဲ့    ချဉ်းကပ်သွားပါမယ်” ဟု  ဖိလစ်ပိုင်အသင်းနှင့်    ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင်   ပြော ကြားခဲ့သည်။

 


ဖိလစ်ပိုင်အသင်းသည်    ယခု နှစ် အနည်းငယ်အတွင်း  များစွာ တိုးတက်လာသည့်အသင်းဖြစ်ပြီး ၂၀၂၂     အာဆီယံ      အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲထား ကာ  ၂၀၂၃  အမျိုးသမီး ကမ္ဘာ့ ဖလားပြိုင်ပွဲ ဝင်ခွင့်ရခဲ့သည့်အသင်း လည်းဖြစ်သည်။  မြန်မာအသင်း သည် အုပ်စုဒုတိယပွဲအဖြစ် မေ ၆ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။  

 

ရဲရင့်လွင်
ဓာတ်ပုံ-MFF