
နေပြည်တော် မေ ၄
ကျောင်းသား ကျောင်းသူ မျိုးဆက် သစ် လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလ အတွင်း အသိပညာများ ဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာ ပါသည့် ပညာရပ်များကို လေ့လာ ဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော် အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင် သော အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံ နှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ) က အခြေခံ လေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံ လေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်း စခန်းများ၌ တစ်ပြိုင်တည်း စတင် ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။
ထိုသို့ လေ့ကျင့်သင်ကြား လျက်ရှိရာ ယနေ့တွင် တပ်မတော် (ရေ)က ရေကြောင်း လူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း များကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ရေကြောင်းလူငယ် သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၃ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ် သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၁၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့ရှိ ရေကြောင်း လူငယ် သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၀ နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ် သင်တန်း စခန်းမှ သင်တန်းသား သင်တန်း သူ စုစုပေါင်း ၈၅ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့် သင်ကြားပေးလျက် ရှိပြီး သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ တပ်မတော် (ရေ) ရေကြောင်း လူငယ်သင်တန်း စခန်း ၁၁ ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၁၂ ဦး တို့ကို လေ့ကျင့်သင်ကြားပေး လျက်ရှိသည်။
အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ် သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း(အငယ်တန်းအဆင့်) သင်တန်းများကို မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ လေကြောင်းလူငယ် သင်တန်း စခန်းမှ သင်တန်းသား သင်တန်း သူ စုစုပေါင်း ၄၀၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့ရှိ လေကြောင်းလူငယ် သင်တန်း စခန်းမှ သင်တန်းသား သင်တန်း သူ စုစုပေါင်း ၄၀၊ ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ရှိ လေ ကြောင်းလူငယ် သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ လေကြောင်း လူငယ်သင်တန်းစခန်းမှ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၄၀၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ လေကြောင်းလူငယ် သင်တန်း စခန်းမှ သင်တန်းသား သင်တန်း သူ စုစုပေါင်း ၄၀ နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လေကြောင်းလူငယ် သင်တန်း စခန်းမှ သင်တန်းသား သင်တန်း သူ စုစုပေါင်း ၄၀ တို့ကို သက်ဆိုင် ရာ နယ်မြေအသီးသီးမှ တာဝန် ရှိသူနည်းပြများက လေ့ကျင့်သင် ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တပ်မတော် (လေ) လေကြောင်းလူငယ် သင်တန်းစခန်း ၁၇ ခု၌ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၆၈၀ တို့ကို လေ့ကျင့်သင်ကြားပေး လျက်ရှိသည်။
ထိုသို့ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ လေကြောင်းလူငယ် သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း (အငယ်တန်းအဆင့်)သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်