ယခုပညာသင်နှစ်သည် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်

 

နေပြည်တော်   မေ   ၄


ပညာရေးဝန်ကြီးဌာန အခြေခံပညာ Grade-9 နှင့် Grade-12 သင်ရိုးသစ်   ဗဟိုအဆင့်  သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  Naypyitaw State Academy ရှိ စုဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့   ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ    ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမျိုးသား      သင်ရိုးညွှန်းတမ်း ကော်မတီကြီးကြပ်မှုဖြင့်  Grade- 9 နှင့် Grade-12 သင်ရိုးသစ်များ ကို ကိုယ်တိုင်ရေးသားပြုစုခဲ့ကြ သော သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့နှင့် ဘာသာရပ်ဆိုင်ရာသင်ရိုး ညွှန်းတမ်းကော်မတီမှ သင်တန်း ဆရာများ၊       သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ပညာရေးဝန်ကြီးဌာန သည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် က စတင်ကာ    KG + 12 သင်ရိုး သစ်ကို   အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုပညာသင်နှစ် သည် Grade-9 နှင့်  Grade-12 အတန်းများကို    သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်    ဖြစ်သဖြင့် အတန်းစဉ်အားလုံး   သင်ရိုးသစ် ဖြင့် ပြည့်ဝစွာ   အကောင်အထည် ဖော်   ပြီးမြောက်ပြီဖြစ်ကြောင်း၊ သင်ရိုးသစ်များသည် ကျောင်းသား ကျောင်းသူများကို      ၂၁     ရာစု ကျွမ်းကျင်မှုများ     ရရှိအောင် လေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့်  နိုင်ငံတကာ     အဆင့်မီစေရန် ရည်ရွယ်ကာ   ရေးဆွဲပြုစုထားပါ ကြောင်း၊ Grade-9 နှင့် Grade-12 သင်ရိုးသစ်ကို ကိုယ်တိုင်ရေးသား ခဲ့ကြသော   တက္ကသိုလ်ပါမောက္ခ များ၏ တိုက်ရိုက်သင်ကြားပြသမှု ရရှိစေရန် ရည်ရွယ်၍ ပါမောက္ခ များ၊    တွဲဖက်ပါမောက္ခများကို ဗဟိုအဆင့်   နည်းပြသင်တန်း ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းပြီးပါက   သက်ဆိုင် ရာ တက္ကသိုလ်အလိုက်  သတ်မှတ် ဧရိယာများရှိ    အခြေခံပညာ ကျောင်းများမှ    အခြေခံပညာ ဆရာ  ဆရာမများကို   တက္ကသိုလ် ဆရာကြီး    ဆရာမကြီးများက တိုက်ရိုက်ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချသင်ကြားပေးကြရ မည်ဖြစ်ကြောင်း။

 


ဗဟိုအဆင့်      သင်တန်းမှ ဆင့်ပွားသင်တန်း၊      ထပ်ဆင့် ဆင့်ပွားသင်တန်းများမှတစ်ဆင့် အခြေခံပညာ       ကျောင်းသား ကျောင်းသူများကို  အရည်အသွေး ပြည့်ဝသော၊   ဗလငါးတန်နှင့် ပြည့်စုံသော လူတော်လူကောင်း များ၊   နိုင်ငံ့သားကောင်းများဖြစ်လာစေရန်   လေ့ကျင့်သင်ကြား ပေးကြမည့် အခြေခံပညာ ဆရာ ဆရာမများ၏       သင်ကြားမှု စွမ်းရည်များ တိုးတက်ကောင်းမွန် စေရေး   ဆရာကြီး    ဆရာမကြီး တို့က       တစ်တပ်တစ်အား     ကြိုးပမ်း ဆောင်ရွက်ပေးကြပါရန်   တိုက်တွန်းပါကြောင်း ပြောကြား သည်။

 


ထို့နောက်      နေပြည်တော် ကောင်စီဥက္ကဋ္ဌ  ဦးတင်ဦးလွင်က  ဝမ်းမြောက်စကား   ပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က      ဆင့်ပွားသင်တန်းများ ဆက်လက်   ဆောင်ရွက်နိုင်ရေး နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။

 


ယနေ့ဖွင့်လှစ်သည့်      ဗဟို အဆင့်       နည်းပြသင်တန်းသို့ တက္ကသိုလ်များမှ   သင်တန်းသား ပါမောက္ခနှင့်   တွဲဖက်ပါမောက္ခ ၁၂၇၉    ဦးနှင့်   သင်တန်းသား အခြေခံပညာ ဆရာ ဆရာမ ၂၀၀ တက်ရောက်ကြပြီး    Grade-12 သင်ရိုးသစ်ဗဟိုအဆင့်    နည်းပြ သင်တန်းကို  Naypyitaw State Academy   တွင်လည်းကောင်း၊ Grade-9 သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်းကို နေပြည်တော် ရှိ အမှတ်(၆)အခြေခံပညာအထက် တန်းကျောင်းတွင်လည်းကောင်း   မေ ၄ ရက်မှ ၁၀ ရက်အထိ ခုနစ် ရက်ကြာ  ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။        


သတင်းစဉ်