
နေပြည်တော် မေ ၄
၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များ အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားကို ၂၀၂၃ ခုနှစ်၊ မေ ၆ ရက် (စနေနေ့)၊ ညနေ ၆ နာရီခွဲတွင် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ စီစဉ် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားကျင်းပပုံများကို ယင်းနေ့ ညနေ ၄ နာရီခွဲမှစတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင် သံကြား MRTV-HD Channel ၊ MRTV Farmers’ Channel ၊ MRTV Sports Channel၊ MRTV Parliament Channel၊ MRTV-NRC တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်းတို့မှလည်းကောင်း၊ MWD- HD Channel၊ MWD Variety –HD Channel ၊ Channel LIGHT Channel တို့အပြင် Channel-7၊ Readers' Channel ၊ 5 – Plus ၊ Channel-9 ၊ MNTV ၊ SkyNet Up to Date Channel ၊ Myanmar Arts Channel ၊ Fortune Channel ၊ Channel K ၊ YTV ၊ M Entertainment Channel တို့မှလည်း ကောင်း တိုက်ရိုက်(Live )ထုတ်လွှင့်မည်ဖြစ်သည်။ ထို့ပြင် MOI Website, MOI Youtube၊ MRTV Website တို့နှင့် မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM၊ ချယ်ရီ FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM၊ FM ပုဂံ၊ Star FM ၊ သဇင် FM တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။
သတင်းစဉ်