ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်    မေ    ၄


ရခိုင်ပြည်နယ်      သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း   အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ     ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပရာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်    တိုင်းမှူး ဗိုလ်ချုပ်         ထင်လတ်ဦးနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊  လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊      နယ်မြေခံ တပ်နယ်မှ       တာဝန်ရှိသူများ တက်ရောက်ကြပြီး     မြောက်ဦး၊  မောင်တော၊   ကျောက်ဖြူ၊    သံတွဲ၊  တောင်ကုတ်နှင့်     အမ်းခရိုင်တို့မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့   တာဝန် ရှိသူများက Videoconference ဖြင့် တက်ရောက်ကြသည်။
ဦးစွာ    တိုင်းမှူးက   ရခိုင် ပြည်နယ်အတွင်း   သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်      ပတ်သက်၍    အမှာစကား    ပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူ များက   သဘာဝဘေးအန္တရာယ် ကျရောက်ပါက      ကူညီကယ်ဆယ် ရေး၊   ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး၊    ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ   လုပ်ငန်း များအတွက်        ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း များ         ဆောင်ရွက်ရန်အတွက် တိုင်းစစ်ဌာနချုပ်        ကွပ်ကဲမှု အောက် တပ်နယ်အလိုက် ပြင်ဆင် စုဖွဲ့ ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့်         ပတ်သက်၍ သက်ဆိုင်ရာ          ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက          လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။          

သတင်းစဉ်