
ရန်ကုန် မေ ၃
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၃၁/၂၀၂၃ဖြင့် အကျဉ်းသား အကျဉ်းသူ ၃၃၉ ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေးပွဲ ကို ယနေ့နံနက် ၁၀ နာရီခွဲက အင်းစိန်ဗဟို အကျဉ်းထောင်ဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါ လွတ်ငြိမ်းသက်သာခွင့် ရရှိ သော အကျဉ်းသား၊ အကျဉ်းသူများအား တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက် တို့က ဆုံးမစကားများ ပြောကြားပြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်း သား အကျဉ်းသူ ၃၃၉ ဦးကို ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီမှ မီနီဘတ်စ် ယာဉ် ၁၂ စီးဖြင့် ၎င်းတို့ သွားလိုသည့် နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင် ပေးသည်။
ဇွဲထက်ကို(ပြန်/ဆက်)