ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား သင်တန်းသူများအား သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ၊ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများသို့ သွားရောက်ဖူးမြော်

 

နေပြည်တော်   မေ  ၃


ကျောင်းသား  ကျောင်းသူ၊   မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက် စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ် များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ် များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်း  (အကြီးတန်းအဆင့်) နှင့်   အခြေခံ လေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်က သက်ဆိုင်ရာ  မြို့နယ်အသီးသီးရှိ  သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

 


ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို ရှမ်းပြည် နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၃၀ ၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ  သင်တန်းသား  သင်တန်းသူ စုစုပေါင်း ၅၀၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ  သင်တန်း သား သင်တန်းသူ စုစုပေါင်း ၅၀၊ စစ်တွေမြို့ရှိ ရေကြောင်းလူငယ်စခန်း မှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၁ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေး လျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော်(ရေ)ရေကြောင်း လူငယ်စခန်း ၁၁ ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

 


ထို့ပြင်  ရေကြောင်းလူငယ်အခြေခံနှင့်   တန်းမြင့်သင်တန်းများမှ သင်တန်းသား သင်တန်းသူများသည် အခြားဗဟုသုတရဖွယ်နေရာများ သို့လည်း သွားရောက်လေ့လာကြရာ သက်ဆိုင်ရာနေရာဒေသအလိုက် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေးကြသည်။

 


အလားတူ  တပ်မတော်(လေ)က   အခြေခံလေကြောင်းလူငယ် သင်တန်း(အကြီးတန်းအဆင့်)   နှင့်    အခြေခံလေကြောင်းလူငယ် သင်တန်း(အငယ်တန်းအဆင့်) သင်တန်းများကို သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်(လေ) လေကြောင်းလူငယ်စခန်း  ၁၇  ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၈၀ ကို လေ့ကျင့်သင်ကြားပေး လျက်ရှိသည်။ 

 


အဆိုပါ အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့်   အခြေခံလေကြောင်းလူငယ်သင်တန်း   (အငယ်တန်းအဆင့်)သင်တန်းများမှ သင်တန်းသား သင်တန်းသူများအား ဒေသန္တရဗဟုသုတ များ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့တွင် သက်ဆိုင်ရာသင်တန်းစခန်း များမှ သင်တန်းသား သင်တန်းသူများကို  နည်းပြ/အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများဦးစီး၍ ဒေသအလိုက် တန်ခိုးကြီးဘုရား၊ စေတီပုထိုး များသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်