၂၀၂၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ဓမ္မသဘင် မင်္ဂလာအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို

 

နေပြည်တော်   မေ   ၃


၂၀၂၃ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ ဓမ္မသဘင်မင်္ဂလာအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး  ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး  ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။ 

 


အခမ်းအနားသို့   နိုင်ငံတော် သံဃမဟာနာယကအဖွဲ့    ဒုတိယ ဥက္ကဋ္ဌ   မြင်းခြံမြို့ ကိုးဆောင်တိုက်     သီရိမာလာကျောင်း   ကိုးဆောင် ကျောင်းတိုက်     ပဓာနနာယက ဆရာတော်    အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ၊   နိုင်ငံတော် ဩဝါဒါစရိယ သောဠ သမ ရွှေကျင် သာသနာပိုင်ဆရာတော်၊  သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏  အဓိ ပတိ  အဘိဓဇမဟာရဋ္ဌဂုရု   အဘိ ဓဇ  အဂ္ဂမဟာသဒ္ဓမ္မ   ဇောတိက    ဒေါက်တာ   ဘဒ္ဒန္တ ဉာဏိဿရ တို့     အမှူးပြုသော   ဆရာတော်     သံဃာတော်များ     ကြွရောက်    ချီးမြှင့်တော်မူကြပြီး   နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီး တို့နှင့်အတူ        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊    ကောင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များ နှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊   နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်း  စစ်ဌာန ချုပ်  တိုင်းမှူးနှင့်  တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက် ကြည်ညိုကြသည်။
ဦးစွာ      အခမ်းအနားကို နမောတဿ     သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့      ဖွင့်လှစ်၍ နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး      အမှူးပြုသော ဧည့်ပရိသတ်များက မြင်းခြံဆရာ တော်ကြီးထံမှ   ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သီတဂူဆရာ တော်ကြီး   ဟောကြားတော်မူ သည့်   ကဆုန်လပြည့်     ဗုဒ္ဓနေ့ ဆိုင်ရာ ဓမ္မကထာဒေသနာတော် ကို   ရိုသေလေးမြတ်စွာ    နာယူ ကြသည်။

 


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်    ဇနီးတို့က ဓမ္မပူဇာ   နဝကမ္မအလှူတော် ငွေကျပ်  ၁၁၁၁   သိန်းကျော်ကို ပေးအပ်လှူဒါန်းရာ သာသနာရေး နှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးကိုကို က      ကပ္ပိယကာရကအဖြစ်       လက်ခံရယူသည်။

 


ထို့နောက် သီတဂူဆရာတော် ကြီးထံမှ   အနုမောဒနာတရား နာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို     ဆုတောင်း၍ အခမ်းအနားကို   ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။

သတင်းစဉ်