ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၃၂/၂၀၂၃
၁၃၈၅ ခုနှစ်၊ ကဆုန်လဆန်း ၁၅ ရက်
(၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/သူ (၃၈) ဦးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က) အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ် တစ်သက်သို့ ပြောင်းလဲကျခံစေလိုက်သည်။
                                          

အမိန့်အရ

                                                          

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး
                                                                              

အတွင်းရေးမှူး