
နေပြည်တော် ဖေဖော်ဝါရီ ၂၂
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဩစတြေးလျ တပ်မတော်၏ Vice Chief of the Defence Force ဖြစ်သူ Vice Admiral David Johnston AO RAN နှင့် ယနေ့ မွန်းလွဲပိုင်းတွင် တယ်လီဖုန်းဖြင့် ဆွေးနွေး သည်။
ထိုသို့ ဆွေးနွေးရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ်စေရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ နိုင်ငံတော်၏ အာဏာ ၃ရပ်ကို ခေတ္တထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်း စဉ် (၅) ရပ်ချမှတ်၍ ဆောင်ရွက် လျက်ရှိရာ တည်ဆဲနိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံခြားရေးရာမူဝါဒများ ပြောင်း လဲခြင်းမရှိဘဲ အရှိန်အဟုန် မပျက် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ့တပ်မတော် သည် ဩစတြေးလျ တပ်မတော် ကဲ့သို့ ဒီမိုကရေစီတပ်မတော် ဖြစ်ပြီး ဒီမိုကရေစီကို လေးစား တန်ဖိုးထားပါကြောင်း၊ ဒီမို ကရေစီမှာ လူတိုင်း မိမိသဘော ဆန္ဒကို ဥပဒေနှင့်အညီ ငြိမ်းချမ်း စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိကြောင်း ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် သိရှိလိုက်နာလျက် ရှိပါကြောင်း၊ အရေးပေါ်ကာလ ၃ ပတ် ကျော်အတွင်း ငြိမ်းချမ်း စွာ ဆန္ဒဖော်ထုတ်မှုမှ ရန်လို သည့် အကြမ်းဖက်ဆူပူမှု(Riot) များ၊ ၎င်းမှ မင်းမဲ့စရိုက်ဆန်သည့် လူအုပ်စု(Anarchy Mob) အသွင် သို့ ပြောင်းလဲခဲ့သည့် နေပြည် တော်၊ မန္တလေး၊ မော်လမြိုင် ဖြစ်စဉ်များနှင့် ပတ်သက်၍လည်း အနည်းဆုံး အင်အား၊ အနိမ့်ဆုံး အဆင့်မှစ၍ ဥပဒေနှင့်အညီ ဖြေရှင်းခဲ့ခြင်းမှအပ ကျန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု များ၌ အင်အား အလွန်အကျွံ သုံး၍ နှိမ်နင်းခဲ့ခြင်း မရှိပါ ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အားလုံး ဥပဒေနှင့်အညီသာ အဆင့်ဆင့် ဆောင်ရွက်လျက် ရှိကြောင်း ဆွေးနွေးသည်။
ထို့နောက် Vice Admiral David Johnston AO RAN ကလည်း သိလိုသည့်အချက်များ ကို ပြန်လည်ဆွေးနွေးရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြန်လည်ဆွေးနွေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်