ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများဖြစ်သည့် “ဆီမီးတိုင်များကိုင်ဆောင် လှည့်လည်ပူဇော်ပွဲ” နှင့် “ဓမ္မပူဇာသဘင်ဆင်ယင်ကျင်းပပွဲ” များ   တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်   မေ   ၂
ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကို ၂၀၂၃ ခုနှစ်  မေ ၃ ရက် ညနေပိုင်းနှင့် ညပိုင်းတို့တွင်   နေပြည်တော်  ဥပ္ပါတသန္တိစေတီတော်  ပရိဝုဏ်အတွင်း၌  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းတွင်  ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများကို  စီစဉ်ကျင်းပသွားမည်ဖြစ်ရာ   ညနေ  ၆  နာရီ  ၄၅  မိနစ်မှ စတင်၍ ဆီမီးတိုင်များ ကိုင်ဆောင်လှည့်လည် ပူဇော်ပွဲနှင့် ည  ၈ နာရီအချိန်တွင် ကျင်းပမည့် ဓမ္မပူဇာသဘင်ဆင်ယင်ကျင်းပပွဲ တို့ကို MRTV Farmers’ Channel ၊ MRTV Parliament Channel ၊ MRTV Sports Channel၊  MWD EDUCATION , KNOWLEDGE & SPORTS Channel ၊ TVM Channel ၊ Channel LIGHT Channel နှင့် WAF Channel တို့မှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပြီး MRTV – HD Channel မှ ဆီမီးတိုင်များ ကိုင်ဆောင်လှည့်လည်ပူဇော်ပွဲ စတင်ချိန်မှ ည ၈ နာရီ သတင်းမတိုင်မီအထိ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ဓမ္မပူဇာသဘင်ဆင်ယင်ကျင်းပပွဲကို  ည ၈ နာရီ သတင်းများအပြီး ည ၉ နာရီခန့်မှစ၍ ထုတ်လွှင့်သွားမည်ဖြစ်သည်။ 
ဓမ္မပူဇာသဘင်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသက ငါးပါးသီလ ချီးမြှင့်ပေး မည်ဖြစ်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင်ဖြစ်တော်မူသော အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ က တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးသွားမည်ဖြစ်သည်။                                        

သတင်းစဉ်