စက်မှုဇုန်များအတွက် စက်သုံးဆီဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးဆွေးနွေး

 

ရန်ကုန်  မေ  ၂
စက်မှုဇုန်များအတွက် စက်သုံးဆီ ဝယ်ယူရာတွင် အဆင်ပြေချောမွေ့ စေရေးညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ ၃၀ ရက်က     ကုန်သည်/စက်မှု အသင်းချုပ်၌ ကျင်းပရာ စက်သုံး ဆီ   တင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်း        လုပ်ငန်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး  ဦးညွန့်အောင် က    အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဦးမိုးမြင့် က စက်မှုဇုန်များ၏   စက်သုံးဆီ လိုအပ်ချက်ဆိုင်ရာ     ဆောင်ရွက် ပေးနေမှု     အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 
ယင်းနောက်  ကုန်သည်/စက်မှု အသင်းချုပ်  အထွေထွေအတွင်း ရေးမှူးချုပ်   ဒေါ်ခိုင်ခိုင်နွယ်က အသင်းချုပ်အနေဖြင့်   စက်မှုဇုန် များ၏   စက်သုံးဆီလိုအပ်ချက် ဆိုင်ရာ     ဆောင်ရွက်ပေးနေမှု အခြေအနေများကို      ရှင်းလင်း တင်ပြရာ စက်သုံးဆီများ   အဆင် ပြေစွာ  ဝယ်ယူရရှိနိုင်ရေးအတွက် အသင်းချုပ်တွင်လည်း စက်သုံးဆီ လွယ်ကူချောမွေ့စွာ     ဝယ်ယူရရှိ နိုင်ရေးအဖွဲ့ကို  ဖွဲ့စည်းထားရှိကာ အသင်းချုပ်၏    ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်းက     ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး စက်မှုဇုန်လေးဇုန်မှ  အုပ်ချုပ်မှု ကော်မတီဝင်များနှင့်   ညီနောင် အသင်းနှစ်သင်းမှ ကိုယ်စားလှယ် များဖြင့်       ပါဝင်ဖွဲ့စည်းထား ကြောင်း၊  Google Sheet  အသုံး ပြု၍   စက်သုံးဆီ     ဝယ်ယူ လျှောက်ထားရန်  သတ်မှတ်ထားရှိ ပြီး    နှစ်ပတ်တာကာလအတွင်း  စက်မှုဇုန်တွင်းနှင့်     ဇုန်ပြင်ပ လုပ်ငန်းများတွင်  စက်သုံးဆီရရှိမှု မှာ     ပိုမိုအဆင်ပြေလာသည်ဟု ကြားသိရကြောင်း၊  ဇုန်ပြင်ပမှ လုပ်ငန်းများ    အနေဖြင့်လည်း မိမိတို့၏ သက်ဆိုင်ရာအသင်းအဖွဲ့ ထောက်ခံချက်ရယူ၍  မြန်မာနိုင်ငံ စက်မှု       ကုန်ထုတ်လုပ်သူများ အသင်း(MIA)တွင် လျှောက်ထား ပြီး  ကုန်သည်/စက်မှုအသင်းချုပ်မှ အချက်အလက်များ စုစည်းတင်ပြ ခြင်းဖြင့်    ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း    ရှင်းလင်း တင်ပြသည်။
ထို့နောက်  တက်ရောက်လာ သည့်  သက်ဆိုင်ရာ   အဖွဲ့အစည်း များ၊   ညီနောင်အသင်းများမှ တာဝန်ရှိ  ပုဂ္ဂိုလ်များ၊  စီးပွားရေး လုပ်ငန်းရှင်များ၊  စက်မှုဇုန်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိ   ကိုယ်စားလှယ်များက စက်သုံးဆီဝယ်ယူရာ၌ ကြုံတွေ့ရ သည့်အခြေအနေ၊    အခက်အခဲ များနှင့်    အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့ကြောင်း      သိရ သည်။        အောင်မြင့်(ပြန်/ဆက်)