နေပြည်တော် ဧပြီ ၂၈
၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံမှ ကြီးမှူး၍ (၃၄)ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းက Online စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှု - ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးဖြစ်သူ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) ဦးဆောင်၍ မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ကြသည်။
(၃၄) ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံ လူသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ယဉ်ကျေးမှုရေးရာ ညှိနှိုင်းရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးညှိနှိုင်းမှု ဝန်ကြီး၏ ဝါရင့်အကြံပေးပုဂ္ဂိုလ် Dr. Joko Kusnanto Anggoro က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကျန်းမာရေး ကတိကဝတ်ပြုမှု ဆိုင်ရာ အာဆီယံခေါင်းဆောင် များ၏ ကြေညာချက်၊ အကျပ် အတည်း အခြေအနေများတွင် ရွှေ့ပြောင်း အလုပ်သမားများနှင့် မိသားစုဝင်များကို အကာအကွယ် ပေးရေး အာဆီယံကြေညာ စာတမ်း၊ ရွှေ့ပြောင်းငါးဖမ်း လုပ်သားများ နေရာချထားရေးနှင့် ကာကွယ်ရေးဆိုင်ရာ အာဆီယံ ကြေညာစာတမ်းနှင့် အာဆီယံ ကျေးရွာကွန်ရက် တည်ထောင် ရေးဆိုင်ရာ အာဆီယံခေါင်းဆောင် များ၏ ထုတ်ပြန်ချက်တို့နှင့် ပတ်သက်၍ လည်းကောင်း၊ ဘန်ဒါဆရီဘီဂါဝန် ကြေညာ စာတမ်းပါ အာဆီယံ၏ အရေးပေါ် အခြေအနေများနှင့် ဘေးအန္တရာယ် များဆိုင်ရာ တုံ့ပြန်မှုများကို ချိတ်ဆက်ရန် အာဆီယံမဟာ ဗျူဟာနှင့် အကောင်အထည်ဖော် ရေးဆိုင်ရာ လတ်တလောအခြေ အနေများ (ASEAN SHIELD) နှင့် အာဆီယံအသိုက်အဝန်း၏ ၂၀၂၅ အလွန် မျှော်မှန်းချက်ဆိုင်ရာ Ha Noi ကြေညာစာတမ်း၏ နောက်ဆက်တွဲအဖြစ် အဆင့်မြင့် လုပ်ငန်းအဖွဲ့ High-Level Task Force (HLTF) အစည်း အဝေးများနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
ဆက်လက်၍ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင် လမ်းညွှန်အခြေပြမြေပုံ ၂၀၂၅ နှစ်လယ် အစီရင်ခံစာ ရေးသားတင်သွင်းခဲ့မှု၊ ကဏ္ဍစုံ မဏ္ဍိုင်စုံ ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ လူမှု - ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ ဆက်စပ် လုပ်ငန်းအစုအဖွဲ့များနှင့် ASEAN Comprehensive Recovery Framework (ACRF) နှင့် ၎င်း၏ အကောင်အထည်ဖော်ရေး အစီ အစဉ်၊ စတုတ္ထမြောက် စက်မှု တော်လှန်ရေးတွင် စုစည်းထား သော မဟာဗျူဟာ၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းမဏ္ဍိုင် Circular Economy ၏ မူဘောင်၊ တီမောလက်စ်တေနိုင်ငံမှ အာဆီယံ အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေး လျှောက်ထားလာမှု၊ မသန်စွမ်းသူ များ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာစီမံချက် ၂၀၂၅ ၊ အာဆီယံ သုတေသနနှင့် ဖွံ့ဖြိုးမှု စင်္ကြံများ၊ အာဆီယံပြည်သူများ အကြား ပိုမိုနားလည်မှု၊ သင့်မြတ်မှု နှင့် ဒေသဆိုင်ရာ အစီအစဉ်များ ကို နားလည်သဘောပေါက် သည့် လိုက်လျောညီထွေမှုရှိသော အာဆီယံအသိုက်အဝန်း မြှင့်တင် ခြင်းဆိုင်ရာ မဟာဗျူဟာပြစာအုပ်၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံ အမြဲတမ်းကိုယ်စား လှယ်များ အဖွဲ့ရုံးအသီးသီးတွင် Secondment Officer အရာထမ်း များ တွဲဖက်ခန့်အပ်နိုင်ရေးတို့ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက (၄၂)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးများသို့ တင်သွင်းမည့် မှတ်တမ်းမှတ်ရာ သုံးခုကို အတည်ပြုရန် လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍လည်း ကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



