အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင်များ

Type
၅

 

ဇော်လင်း
 

“ မကြာခင်မှာ ကျောင်းသား  ကျောင်းသူ တွေကို   စာပေပညာသင်ကြားပေးတဲ့ ဆရာ ဆရာမများ ဖြစ်လာကြတော့မယ့် မောင်တို့၊ မယ်တို့အနေနဲ့ ပညာသင်ကြား ရေးနယ်ပယ်မှာ   ‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့  ဆရာတို့’ ဆိုတဲ့   ဆရာ ကျင့်ဝတ်များနှင့်အညီ      အနာဂတ် သားကောင်းရတနာတွေကို      မွေးထုတ် ပေးနိုင်မယ့်         အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားသွားကြ ဖို့လိုပါတယ်”
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး    သတိုးမဟာသရေစည်သူ မင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင်      ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ     ဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)    ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၅)  သင်တန်း ဆင်း  ကျောင်းသား  ကျောင်းသူများနှင့် တွေ့ဆုံရာတွင် မြွက်ကြားသည့် ဩဝါဒ အမှာစကားမှ    ကောက်နုတ်ချက်ဖြစ် သည်။

 


အဆိုပါ     အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင်များသည်ကား ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ    ဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)မှ     ငါးနှစ်ကြာ လေ့ကျင့်ပျိုးထောင်   ပေးလိုက်သော နယ်စပ်ဒေသအသီးသီးမှ ပြည်ထောင်စု တိုင်းရင်းသား လူငယ်မောင်မယ်များပင် ဖြစ်သည်။

 


စုပေါင်းအားဖြင့် လက်တွဲတွန်းလှန်      ကာကွယ်ခဲ့


မိမိတို့   နိုင်ငံတော်သည်  တိုင်းရင်း သားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင် သော နိုင်ငံဖြစ်သည်။ “မြန်မာ” ဟူသော ဝေါဟာရသည် မျိုးနွယ်စုများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊  ရှမ်းနှင့်    ကျန်တိုင်းရင်းသား မျိုးနွယ်စုအားလုံးကို  ခေါ်ဆိုခြင်းဖြစ် သည်။  တိုင်းရင်းသားအားလုံးတို့သည် နိုင်ငံတော်အပေါ်    ကျရောက်လာသည့် အခက်အခဲများကို    စုပေါင်းအားဖြင့် လက်တွဲတွန်းလှန်      ကာကွယ်ခဲ့ကြ သကဲ့သို့       ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်မှု     စွမ်းအားတို့ဖြင့် စည်ပင်ဝပြောသည့်  နိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့ကြသည်။ တိုင်းရင်းသား မျိုးနွယ်စုအချင်းချင်း       အပြန်အလှန် လေးစားယုံကြည်မှု၊ ရင်းနှီးချစ်ကြည်မှု၊ နားလည်ခွင့်လွှတ်မှု၊ စည်းလုံးညီညွတ်မှု တို့သည် ပြည်ထောင်စု၏ အသက်သွေး ကြောပင်ဖြစ်သည်နှင့်အညီ   အဆိုပါ စိတ်ဓာတ်များကို ပြုစုပျိုးထောင် ရှင်သန် စေနိုင်သော  ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၏ သမိုင်းကြောင်းကို အကျဉ်း မျှ တင်ပြလိုပါသည်။

 


ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သည် ၁၉၆၄ ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများ        ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်သန္ဓေတည်ခဲ့ခြင်း     ဖြစ်သည်။ “တိုင်းရင်းသားလူမျိုးများ၏   ဖွံ့ဖြိုး တိုးတက်ရေးနှင့်  စည်းလုံးညီညွတ်ရေး တို့ကို   အလေးထားဆောင်ရွက်ပေးနိုင် သော    ပညာရေးဝန်ထမ်းကောင်းများ လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်” ရည်ရွယ် ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့  တိုးမြှင့်ခဲ့သည်။ တက္ကသိုလ်အား တည်ထောင်ဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက် (၅) ရပ်ရှိပြီး အဆိုပါ ရည်ရွယ်ချက် (၅) ရပ်တွင်  ပြည်ထောင်စု တိုင်းရင်းသား လူငယ်များသည် ပညာရှာ မှီးရင်း   တိုင်းရင်းသားအချင်းချင်း  ပိုမို စည်းလုံးချစ်ခင်လျက်   ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာ စေရန်ဟူသောအချက် အပါအဝင်ဖြစ်ပါ သည်။

 


တူညီသောတန်ဖိုးများကို မွေးဖွားပေးနိုင်


ဖွံ့ဖြိုးရေးတက္ကသိုလ်သည်  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော   တိုင်းရင်းသား  လူငယ် မောင်မယ်များအတွက် အဆင့်မြင့်ပညာ များ     ဆည်းပူးရာ   ပြည်ထောင်စု ကျောင်းတော်ကြီးဖြစ်သည်။ တိုင်းရင်း သား လူငယ်မောင်မယ်များ၏  နေထိုင် စားသောက်ရေး၊ ကျန်းမာရေး၊ လူမှုရေး ကစ၍   နိုင်ငံတော်က  လိုလေသေးမရှိ အခမဲ့တာဝန်ယူ စောင့်ရှောက်ပေးထား ပါသည်။ ကျောင်းအိပ်ကျောင်းစားဖြစ်ပြီး အိပ်ဆောင်တိုင်းတွင်   တိုင်းရင်းသား ပေါင်းစုံ      စုစည်းနေထိုင်ကြရသဖြင့်  နေထိုင်ရာ   အဝန်းအဝိုင်းသည်လည်း ပြည်ထောင်စုလေးသဖွယ်ဖြစ်နေသည်။ အိပ်ဆောင်များအား ကချင်၊ ကယား၊ ကရင်၊  ချင်း  စသော  တိုင်းရင်းသား မျိုးနွယ်စု  နာမည်များ၊  မြန်မာနိုင်ငံ၏ အထင်ကရမြစ်များ စသည်ဖြင့် မှည့်ခေါ် ထားပါသည်။  ဖွံ့ဖြိုးရေးတက္ကသိုလ်၏ ထူးခြားချက်သည် Guardian စနစ်ဖြစ် သည်။ Senior အစ်မကြီးက မွန်တိုင်းရင်း သူ    ဖြစ်ကောင်းဖြစ်မည်။ Junior ညီမ ငယ်က ကရင်တိုင်းရင်းသူ ဖြစ်ကောင်း ဖြစ်မည်။ မတူညီသော ဓလေ့၊ ဘာသာ စကား၊      ရိုးရာယဉ်ကျေးမှုများမှာ မောင်နှမအရင်း၊             ညီရင်းအစ်ကို သံယောဇဉ်မျိုးဖြင့် တူညီသော  တန်ဖိုး များကို မွေးဖွားပေးနိုင်ခဲ့သည်။

 


ရှင်သန်ပျော်ရွှင်စွာ 
ပညာဆည်းပူးကြ 


ယင်းတန်ဖိုးများသည် ပြည်ထောင်စု စိတ်ဓာတ်၏  အခြေတည်ရာဖြစ်သည်။ Junior ညီငယ်ဖျားလျှင် Senior အစ်ကို ကြီး  ညမအိပ်တော့၊ Senior အစ်ကို အလုပ်များလျှင် ဝိုင်းဝန်းကူညီပေးသူက Junior ညီငယ်ဖြစ်သည်။ အမုန်းတရား များမရှိ၊ နှိုင်းယှဉ်မှုများမရှိ၊ သံယောဇဉ် တရားများဖြင့်     ခိုင်ကျည်ထားသော ပြည်ထောင်စုလေးတွင်  သူတို့ရှင်သန် ပျော်ရွှင်စွာ   ပညာဆည်းပူးကြသည်။ သူတို့တစ်တွေအား  နည်းပေး၊  လမ်းပြ သွန်သင်ဆုံးမသူ  ဆရာ  ဆရာမများ သည်လည်း   တိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံက သူတို့၏ Senior အစ်ကိုကြီး၊ အစ်မကြီးများ ပင်ဖြစ်သည်။

 


ဤကျောင်းတော်ကြီးတွင် တိုင်းရင်း သားအသီးသီး၏ ဘာသာစကား၊ ရိုးရာ ဓလေ့စရိုက်များအား  သင်ကြားဖလှယ် ခွင့်ရရှိကြသည်။   မည်သည့်  တိုင်းရင်း သား၊ တိုင်းရင်းသူဖြစ်စေ နှစ်သက်ရာ တိုင်းရင်းသားဘာသာစကား သင်ယူနိုင် သည်။   ဓလေ့စရိုက်များ  လေ့လာနိုင် သည်။  ရိုးရာဝတ်စုံများ  လဲလှယ်ကာ ဓာတ်ပုံရိုက်ကြသည်။    ရိုးရာမုန့်များ တစ်လှည့်စီ   ပြုလုပ်၍  မြိန်ရေရှက်ရေ စားကြသည်။ သူတို့   တစ်တွေသည် ပြည်ထောင်စုသားဖြစ်ကြ၍   ဂုဏ်ယူ ဝင့်ကြွားကြသည်။

 


“စည်းလုံးခြင်းသည် အင်အား”  ဟူသည်     ဖွံ့ဖြိုးရေးတက္ကသိုလ်၏   ဆောင်ပုဒ်ဖြစ် သည်။ သံယောဇဉ်တရားက စည်းလုံး ညီညွတ်ရေးအားကို အလိုအလျောက်ရရှိ စေသည်။ 

 


ပြည်ထောင်စုစိတ်ဓာတ်  ရှင်သန်ထက်မြက်ရေး


ဤကျောင်းတော်ကြီးတွင် သင်ကြား ရေး   ဘာသာရပ်ဌာန    ၂၁   ဌာနဖြင့် သင်ကြားပို့ချမှုဆိုင်ရာနှင့်    အခြေခံ ဘာသာရပ်များ၊ ဝိဇ္ဇာဘာသာရပ်များ၊ တွဲဖက် သင်ရိုးညွှန်းတမ်းဘာသာရပ်များ နှင့်   အထူးတွဲဖက်   သင်ရိုးညွှန်းတမ်း ဘာသာရပ်များ     သင်ကြားကြရသည်။   အထူးတွဲဖက် သင်ရိုးညွှန်းတမ်းဘာသာ ရပ်များတွင် မြန်မာ့လွတ်လပ်ရေးကြိုပမ်း မှု သမိုင်းနှင့် စာရိတ္တပညာ၊ တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှု ဘာသာ ရပ်များ   ပါဝင်သည်။    ပြည်ထောင်စု စိတ်ဓာတ်       ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသား   စည်းလုံးညီညွတ်ရေး ဆိုင်ရာဘာသာရပ်များ   ပါဝင်သည်။ သို့သော်      စည်းလုံးညီညွတ်ရေးဟု အတင်းတိုက်တွန်းနေစရာမလို၊    နှစ် ကာလများစွာ အတူတူနေထိုင်ရှင်သန်ခဲ့ ကြသော ဤကျောင်းတော်သူ ကျောင်း တော်သားများ၏    သံယောဇဉ်သည် ရေကိုသား၍ အကြားမထင်ကဲ့သို့ ရှိကြပါ သည်။

 


အရည်အသွေးမြင့်မားသော လူ့စွမ်းအား အရင်းအမြစ်များ


ပြည်ထောင်စု   တိုင်းရင်းသားလူမျိုး များ    ဖွံ့ဖြိုးရေးတက္ကသိုလ်သည်   စတင် ဖွင့်လှစ်ခဲ့သော  ၁၉၆၄ ခုနှစ်မှစ၍  ယခု အထိ မဟာပညာရေးဘွဲ့ ၁၃၁ ဦး၊ မဟာ ဒဿနပညာရေးဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၅၈၆ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်းဆရာအတတ်ပညာ ဒီပလိုမာ ၉၅၆ ဦး၊ အထူးမူလတန်း ဆရာ အတတ်သင်တန်း  ၄၆၁ ဦး၊  မူလတန်း ဆရာအတတ်သင်  ၇၆၁၂ ဦး၊ စုစုပေါင်း ၁၄၂၆၃  ဦးအား   မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။   ဆရာ   ဆရာမများအဖြစ် သာမက   ဆရာဝန်၊   အင်ဂျင်နီယာ၊ ကွန်ပျူတာကျွမ်းကျင်  ပညာရှင်များ၊ သူနာပြု  ဆရာ ဆရာမများ၊ ဌာနဆိုင်ရာ အကြီးအကဲများလည်း   ပေါ်ထွက်ခဲ့ပြီး ဖြစ်သည်။ ပြည်ထောင်စုကြီး၏ အရည် အသွေးမြင့်မားသော လူ့စွမ်းအား အရင်း အမြစ်များပင် ဖြစ်သည်။

 


ဤအရင်းအမြစ်များ၏  ပထမနှစ် ဝင်ခွင့်အတွက်     တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော     မြန်မာပြည်အနှံ့ နယ်စွန်နယ်ဖျား     ဒေသအသီးသီးမှ  တိုင်းရင်းသား၊  တိုင်းရင်းသူများကိုအဓိက ထား ရွေးချယ်ခြင်းဖြစ်သည်။ မိဘမရှိသူ (သို့မဟုတ်)   မိခင်မရှိသူ   (သို့မဟုတ်) ဖခင်မရှိသူ    ဆင်းရဲနွမ်းပါးပြီး    ပညာ လိုလားသူများအား ဦးစားပေး ရွေးချယ် ခြင်းဖြစ်သည်။

 


အာစရိယဂုဏ်မြောက်
ပဲ့ကိုင်ရှင်များဖြစ်


ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်း များသည်   ကျောင်းသားဟောင်းများ အသင်းဟူ၍        ဖွဲ့စည်းထားရှိသည်။  ကျောင်းသားဟောင်းများသည်     သူတို့ အား မွေးဖွားရှင်သန်စေခဲ့သော ကျောင်း တော်ကြီးကို နှစ်စဉ်နှစ်တိုင်း အလွမ်းပြေ လာကြည့်သည်။  သူတို့စိုက်ပျိုးခဲ့သော သစ်ပင်ကြီးများအောက်      အရိပ်ခိုကြ သည်။ ရောက်ရှိလာကြသော တိုင်းရင်း သား၊ တိုင်းရင်းသူ၊ ကျောင်းသားဟောင်း ကြီးများ အချင်းချင်းလက်တွဲ၍ ဓာတ်ပုံ ရိုက်ကြသည်မှာ   အလွန်လှပ   ကြည်နူး ဖွယ်ရာ     မြင်ကွင်းဖြစ်သည်။    သူတို့ တစ်တွေသည်             သူတို့ချစ်သော ပြည်ထောင်စု    ကျောင်းတော်ကြီးကို ပြန်လည်       စောင့်ရှောက်ကြသည်။ တစ်နည်းအားဖြင့်    သူတို့ချစ်သော ပြည်ထောင်စုကြီးကို   လက်ချင်းချိတ် ကာကွယ်စောင့်ရှောက်ရင်း မျိုးဆက်သစ် များကို   လက်ဆင့်ကမ်း   အမွေပေးကြ သည်။ သူတို့တစ်တွေ၏  လက်ဆင့်ကမ်း အမွေများကို သယ်ဆောင်ရင်း ပညာရေး ဘွဲ့  ၅  နှစ် သင်တန်းအမှတ်စဉ် (၅) မှ ကျောင်းသား ကျောင်းသူ ၂၀၅ ဦးသည် လည်း   သူတို့ကဲ့သို့ပင်   နိုင်ငံတော်၏ တာဝန်ကို   ကျရာနေရာ၊    ကျရာကဏ္ဍ အသီးသီးတွင် ထမ်းဆောင်ရင်းအာစရိယ ဂုဏ်မြောက်  ပဲ့ကိုင်ရှင်များ  ဖြစ်ကြပေ တော့မည်။    

 


ဩဝါဒခံယူပွဲတွင်
ဂါရဝပြုတင်ပြ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး     မင်းအောင်လှိုင်ထံမှ      ဖွံ့ဖြိုး တက္ကသိုလ် (စစ်ကိုင်း)     ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ် (၅) သင်တန်း ဆင်း  ကျောင်းသား   ကျောင်းသူများ ၏    ဩဝါဒခံယူပွဲတွင်  ကျောင်းသား ကျောင်းသူများကိုယ်စား        ရခိုင် တိုင်းရင်းသား    ကျောင်းသားတစ်ဦးက အောက်ပါအတိုင်း     ဂါရဝပြု    တင်ပြခဲ့ ပါသည်။ 
“သားတို့ သမီးတို့ရဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို  ပြည်တွင်းအားနဲ့သာ အဓိကထား တည်ဆောက်ကြရမယ်ဆို တာ   နားလည်ခဲ့ရပါတယ်။   ပြည်တွင်း ပြည်ပအင်အားစုအသီးသီးရဲ့ နှောင့်ယှက် တိုက်ခိုက်ဖျက်ဆီးမှုတွေ  ဘယ်လိုပင်ရှိ နေပါစေ  သားတို့ သမီးတို့ တစ်တွေဟာ အမိဖွံ့ဖြိုးရေးတက္ကသိုလ်၏ သားသမီး များ ပီသစွာ နိုင်ငံအတွက် အရေးကြီးတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို သားတို့ သမီး တို့ တာဝန်ကျရာဒေသက တိုင်းရင်းသား ပြည်သူတွေနဲ့ မျိုးဆက်သစ်လူငယ်တွေ အကြားမှာ   ထွန်းကားပြန့်ပွားအောင် အထူးအလေးထား ကြိုးပမ်းဆောင်ရွက် သွားပါမယ် ခင်ဗျား”
အမိနိုင်ငံတော်ကြီး       အတွက် မျိုးဆက်သစ် တိုင်းရင်းသားလူငယ်များ ၏   အားရကျေနပ်စရာ   ကတိကဝတ် ဖြစ်သည်။

 


နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုး


မည်သို့ပင်ဆိုစေ ပြည်ထောင်စုကြီး အတွင်းမှ   ပြည်ထောင်စုကျောင်းတော် ဖြစ်သော   ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ             ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)တွင် မွေးဖွားသန့်စင်ပေးလိုက် သည့် အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင် များသည်    ရှေ့သို့ချီမည်    ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထု ၏   အကျိုးစီးပွားများအတွက်   ကျရာ တာဝန်များကို   တစ်ထောင့်တစ်နေရာ မှ   ကျေပွန်စွာ   ထမ်းဆောင်ကြပါမည် ဟု ယုံကြည်ရင်း  ဖွံ့ဖြိုးတက္ကသိုလ်ဆင်း ကျောင်းသား      ကျောင်းသူများအား ဂုဏ်ပြုရေးသားလိုက်ရပါသည်။         ။