နိုင်ဂျီးရီးယားနိုင်ငံရှိ ကလေး ၂ ဒသမ၂ သန်းမှာ ပုံမှန်ကာကွယ်ဆေးထိုးနှံမှု မရရှိကြ

 

အဘူဂျာ    ဧပြီ   ၂၁
နိုင်ဂျီးရီးယားနိုင်ငံမှ      ကလေး ၂ ဒသမ ၂ သန်းမှာ ၂၀၁၉ ခုနှစ် နှင့်  ၂၀၂၁ ခုနှစ်ကြားတွင်   ပုံမှန် ကာကွယ်ဆေးထိုးနှံမှုမရရှိကြဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (ယူနီဆက်ဖ်)က ဧပြီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 
အဆိုပါကလေးများအတွက် ပြင်းထန်သည့်      ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် လိုအပ် သော လုပ်ဆောင်မှုများ ချက်ချင်း လုပ်ဆောင်ရန်     လိုအပ်သည် ဟု   ယူနီဆက်ဖ်က   ပြောသည်။  ကိုဗစ်-၁၉   ကပ်ရောဂါကာလ နှင့်     ကိုဗစ်-၁၉     ကာလမတိုင်မီ  မွေးသည့်  ကလေးများမှာ  ပုံမှန်ကာကွယ်ဆေးထိုးရမည့်အချိန်ကို ကျော်လွန်လာကြပြီဖြစ်သည်ဟု နိုင်ဂျီးရီးယားရှိ     ယူနီဆက်ဖ်မှ   ကျန်းမာရေး   အကြီးအကဲဖြစ်သူ       အက်ဒ်ဝါဒိုစီလေ့က ပြောသည်။ 
ပုံမှန်   ကာကွယ်ဆေးထိုးနှံမှု ခံယူရန် လွဲချော်သွားသည့်ကလေး များအတွက်  ကာကွယ်ဆေးထိုး ပေးရန်     အစိုးရက    ကြိုးပမ်း အားထုတ်နေသော်လည်း နိုင်ဂျီး ရီးယားနိုင်ငံမှ နောက်ကျကျန်ရစ် နေဆဲဖြစ်သည်။  ရလဒ်အနေဖြင့် ၂၀၂၂  ခုနှစ်တွင်  ဝက်သက်ရောဂါ ဖြစ်ပွားသည့်ဦးရေမှာ ၂၀၂၁ ခုနှစ် ကထက် နှစ်ဆပို၍ များပြားလာ သည်။ လတ်တလောတွင် နိုင်ဂျီး ရီးယားနိုင်ငံမှာ   အမျိုးမျိုးသော  ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် များကို ပြည့်မီအောင်ကြိုးစားရန်  စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ် ဆေးပန်းတိုင်နှင့် အလှမ်းဝေးနေ ဆဲဖြစ်သည်ဟု ၎င်းကပြောသည်။ 
ကာကွယ်ဆေးထိုးနှံရန် ပျက် ကွက်ရသည့်  အကြောင်းရင်းများ ထဲတွင် ကာကွယ်ဆေး၏ဘေးထွက် ဆိုးကျိုးများကို ကြောက်ရွံ့ခြင်း၊ အသိပညာ   ဗဟုသုတနည်းပါး ခြင်း၊ ကာကွယ်ဆေးထိုးပေးသည့် နေရာများနှင့် အလှမ်းကွာဝေးလွန်း ခြင်းနှင့်   ကာကွယ်ဆေးကို  မယုံ ကြည်မှုတို့  ပါဝင်သည်ဟု  ၎င်းက ပြောသည်။                     ဆင်ဟွာ