
ကယ်လီဖိုးနီးယား ဧပြီ ၂၁
အီလွန်မက်စ်၏ SpaceX ကုမ္ပဏီ မှ တည်ဆောက်သည့် ဒုံးပျံ တစ်စင်းသည် ဧပြီ ၂၁ ရက်က လွှတ်တင်ပြီးမကြာမီ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
Starship ဟု အမည်ပေးထား သည့် အဆိုပါဒုံးပျံကို တက္ကဆက် ပြည်နယ် ဘိုကာချီကာမှနေ၍ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တင် ပြီးနောက် လေးမိနစ်အကြာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ မက္ကဆီ ကို ပင်လယ်ကွေ့အတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ ပတ်လမ်းကြောင်း အတွင်းသို့ ရောက်ရှိမည်ဟု အင်ဂျင်နီယာများ ကမျှော်လင့်ထားကြသော်လည်း မအောင်မြင်ခဲ့ပေ။
Starship မှာ အစောပိုင်း သီတင်းပတ်အတွင်းကတည်းက နည်းပညာပိုင်းဆိုင်ရာ ပြဿနာ များနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် SpaceX မှ အဆိုပါ ဒုံးပျံကို ပစ်လွှတ်ရန် အချိန် ကြန့်ကြာခဲ့ရသည်။ လာမည့် လအနည်းငယ်အတွင်း နောက်ထပ် စမ်းသပ်မှုများမှ အတွေ့အကြုံများ ပို၍ ရရှိမည်ဟု အီလွန်မက်စ်က ပြောသည်။ အဆိုပါဒုံးပျံပစ်လွှတ် မှုကို လာရောက်ကြည့်ရှုကြသူများ မှလည်း ၎င်းတို့၏ အမြင်များကို မျှဝေခဲ့ကြသည်။ SpaceX သည် နာဆာနှင့် လက်တွဲလုပ်ဆောင်ရန် အစီအစဉ်ရှိပြီး လကမ္ဘာသို့ လူများ ပို့ဆောင်ရာတွင် Starship ကို အသုံးပြုရန် ရည်ရွယ်ထားသည်။ ကျရှုံးမှုများနှင့် ကြုံတွေ့ပြီးနောက် ကြီးမားသည့် အောင်မြင်မှုများ နှင့် တွေ့ကြုံရမည်ဟုလည်း နာဆာမှ အကြီးအကဲဖြစ်သူ ဘေလ်နယ်ဆန်က ပြောသည်။
အင်န်အိတ်ချ်ကေ