
နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် (၁၈-၂-၂၀၂၁) ရက်နေ့မှစ၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၁)၌ ပြည်ထောင်စု အဆင့်ဝန်ကြီးဌာနများမှ အရာထမ်း များကို COVID-19 ရောဂါ ကာကွယ် ဆေးထိုးနှံခြင်း ဆောင်ရွက်လျက်ရှိ သည်။
(၁၈- ၂- ၂၀၂၁) ရက်တွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန (၇)ခုမှ အရာထမ်း (၄၁၉) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သိရသည်။
သတင်းစဉ်