ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြု ကြည်ညိုလျက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ    ၁၈


ကိုဗစ်- ၁၉  ရောဂါဖြစ်ပေါ်မှု    အခြေအနေများကြောင့်  ဗုဒ္ဓဘာသာ   ဘုရားစေတီများအပါအဝင်   သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော် ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရားဘာဝနာပွားများနိုင်ရေးအတွက်  ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ် ပေးခဲ့သည်။


ထိုသို့ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ရန်ကုန် မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊  နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး တို့ အပါအဝင်  ပြည်နယ်နှင့်    တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ  သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့်  မိဘပြည်သူများသည် ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော် ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။


ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီအထိ လည်းကောင်း၊ နံနက် ၈ နာရီ မှ ၉ နာရီအထိ လည်းကောင်း၊  နံနက် ၁ဝ  နာရီမှ ၁၁ နာရီ အထိ လည်းကောင်း နံနက်ပိုင်း သုံးကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိလည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီ အထိ လည်းကောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိ လည်းကောင်း ဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။


ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာရေးကျောင်း များ၊ ခရစ်ယာန်ဘာသာရေးကျောင်းများနှင့် ဟိန္ဒူဘာသာ ရေးကျောင်းများကိုလည်း သက်ဆိုင်ရာဘာသာများအလိုက် အများပြည်သူဝတ်ပြုကြည်ညိုနိုင်ရေးအတွက် ကိုဗစ်- ၁၉  စည်းမျဉ်း၊  စည်းကမ်းများနှင့်အညီ  ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာဘာသာဝင်များက စည်းမျဉ်းစည်းကမ်းများနှင့် အညီ  စိတ်အေးချမ်းသာစွာ   လာရောက်ဝတ်ပြုလျက်ရှိ ကြောင်း  သိရသည်။    

                             
သတင်းစဉ်