ဘားအံ၊ ပုသိမ်ကြီးမြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဧပြီ    ၁၂ 


ဘားအံ၊ ပုသိမ်ကြီးမြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့တွင်  မူးယစ်ဆေးဝါးများ  ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


မူးယစ်ဆေးဝါး     တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၁၁ ရက် နံနက် ၆ နာရီတွင် ဘားအံ မြို့နယ်   လှာကဒေါင်ကျေးရွာအုပ်စု   နှိုင်းကြာကျေးရွာရှိ မြင့်ဌေး(ခ) စောဘဒို၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၁၉၃ ပြားကိုလည်းကောင်း၊ အလားတူ ဧပြီ ၁၀ရက် ညနေ ၄ နာရီခွဲတွင်  မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ် ရန်ကင်း တောင်ကျေးရွာအုပ်စု မြို့သာကုန်းကျေးရွာတွင် နိုင်ဦးအား မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၅ နာရီတွင် ပုသိမ်ကြီးမြို့နယ်   ရှင်တော်ကုန်းကျေးရွာအုပ်စု  လိမ်ပင်ကျေးရွာရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၉၇၀ ကိုလည်းကောင်း၊  ထို့အတူ ဧပြီ ၁၁ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁၀)ရှိ လားရှိုး - မန္တလေးသွား ကားလမ်းတွင် အောင်မြတ်ဦး(ခ)ကုလား မောင်းနှင်ပြီး မနန်းလှဟန်(ခ)ဝါဝါခိုင်   လိုက်ပါလာသည့်   ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၂၀၀ ကိုလည်းကောင်း ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။                 

သတင်းစဉ်