ကျောက်ကြီးမြို့နယ်အတွင်း KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရကားမိုင်းနင်းမိပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ တစ်ဦးသေ လေးဦး ဒဏ်ရာရရှိ

 

နေပြည်တော်   မတ်    ၃၀


ပဲခူးတိုင်းဒေသကြီး    ကျောက်ကြီးမြို့နယ် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်း ပေါ်၌    KNLA  အဖွဲ့မှ   အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က     ထောင်ထားသည့် ဒေသန္တရာကားမိုင်းကို ယနေ့နံနက်ပိုင်းတွင်  မော်တော်ယာဉ် တစ်စီး နင်းမိပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိခဲ့သည်။ 

 


ဖြစ်စဉ်မှာ     နတ်သံကွင်း     ကျေးရွာဘက်မှ ကျောက်ကြီးမြို့ဘက်သို့ အုတ်များ  တင်ဆောင် ၍  ပဲနွယ်ကုန်းမြို့နေ   မောင်စိန်မင်း  (ဘ)  ဦးလှမြင့် မောင်းနှင်ပြီး အမျိုးသား လေးဦး လိုက်ပါလာသည့်  9N/--- ချင်းလုံဒမ့်ထရပ် အမျိုးအစား   မော်တော်ယာဉ်သည်  ယနေ့ နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ  ရန်မျိုး အောင်  တံတားအနီးသို့အရောက်၌   KNLA အဖွဲ့မှ    အကြမ်းဖက်မှုကို  လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရာကားမိုင်း နင်းမိ ပေါက်ကွဲခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာ သည့် အမျိုးသား တစ်ဦးသေဆုံးပြီး   လေးဦး တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။ 

 


အဆိုပါ    နေရာတစ်ဝိုက်အား  လုံခြုံရေး တပ်ဖွဲ့ဝင်များက    လိုအပ်သည့်    နယ်မြေ လုံခြုံရေးလုပ်ငန်းများ   ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ကျောက်ကြီး မြို့နယ်   ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု            ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်