
နေပြည်တော် မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်လုပ် စိန်ပြောင်း၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်မှာ မတ် ၂၃ ရက် နံနက် ၇ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မြကန် ကျေးရွာအတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် အဆိုပါကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းအတွင်းမှ လက်လုပ် စိန်ပြောင်း ၁၀ လက်၊ လက်လုပ်ရှေ့ထွက်မိုင်းသုံးလုံး၊ လက်လုပ်မိုင်း သုံးလုံး၊ ၁၂ ဗို့ကျည် ၂၂ တောင့်၊ ကျည်ကာအင်္ကျီ တစ်ထည်၊ ကျည်ကာအင်္ကျီတွင် ထည့်သောသံပြား နှစ်ချပ်၊ ဆိုင်ကယ်ဘက်ထရီအိုး နှစ်လုံး၊ ပြောက်ကျားဦးထုပ်တစ်လုံး၊ လျှာထိုးဦးထုပ် တစ်လုံး၊ ပြောက်ကျားလည်တိုဖိနပ် သုံးရန်၊ လက်လုပ် စိန်ပြောင်း ဒေါက်တိုင် လေးချောင်း၊ ဝါးညှပ် သုံးခု၊ ဆေးထိုးပိုက် 20 CC အချောင်း၂၀၊ အရှည်ပေ ၃၀ ခန့် ရှိ ဝိုင်ယာကြိုး သုံးခွေ၊ အရှည်ပေ၂၀၀ ခန့်ရှိ နိုင်လွန် ကြိုး တစ်ခွေနှင့် အရှည် ၁၀၀ ပေခန့်ရှိ ငါးမျှားကြိုး (တိုက်ကြိုး) တစ်ခွေတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စနစ်တကျ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်နေ သည့် အကြမ်းဖက်သမားများကို ဖမ်းဆီးရမိ နိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်း စဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်