
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာကဏ္ဍနှင့် သတ္တုရေးရာကဏ္ဍဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
===========================================================================
နေပြည်တော် ဖေဖော်ဝါရီ ၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာကဏ္ဍနှင့် သတ္တုရေးရာကဏ္ဍဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual Online စနစ်ဖြင့် ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ ဌာန/လုပ်ငန်းဆိုင်ရာ အကြီးအကဲများ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန COVID-19 ကာကွယ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဌာန/ လုပ်ငန်းတာဝန်ခံများက Virtual Online စနစ်ဖြင့် တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာ စကား ပြောကြားရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော် ၏ အာဏာအရပ်ရပ်ကို တပ်မတော်က တာဝန်ယူပြီးသည့် နောက် လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဦးစီးဌာန၊ လုပ်ငန်း၊ တက္ကသိုလ်တို့အလိုက် ရည်မှန်းချက်တာဝန်များကို လက်ရှိနိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ အောင်မြင်အောင် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကာလတို၊ ကာလလတ်၊ ကာလရှည်ကဏ္ဍအလိုက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ဆောင်ရွက်မှုလုပ်ငန်းများ အရှိန်အဟုန် နှောင့်နှေးစေခဲ့ပါ ကြောင်း၊ ဒီအခြေအနေကြောင့်လည်း ပြည်သူများ ထိခိုက် ခံစားခဲ့ရပါကြောင်း၊ ထို့ကြောင့် COVID-19 ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ အရှိန်အဟုန်ဖြင့် ပြန်လည် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ဆောင် ရွက်ခြင်းသည် နိုင်ငံတော်နှင့် ပြည်သူပြည်သားများအပေါ် ထိခိုက်ခံစားနေရမှုမှ အမြန်ဆုံး ပြန်လည်တိုးတက် ကောင်းမွန်စေရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် သစ်တောကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့ သစ်တောမူဝါဒနှင့် နှစ်(၃၀)အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်းနှင့်အညီ လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်၊ သစ်တောပြုစုထိန်းသိမ်းရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်ဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်တို့အတွက် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်း၊ မြန်မာ နိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု (၁၀)နှစ် စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ တောရိုင်းတိရစ္ဆာန် များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်တို့ကို ပိုမိုတိုးတက်အောင် ဆောင်ရွက် သွားကြရန်လည်း တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းစဉ် (၄) ရပ်ကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင် ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ အမျိုးသား အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မ လုပ်ငန်းအစီအစဉ်တို့ကို ထုတ်ပြန်ထားရှိခဲ့ပြီးဖြစ်သည့် အတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကို နှစ်အလိုက် စီမံချက်ချမှတ်၍ မြို့နယ်အဆင့်ထိ ရုံးများတိုးချဲ့ ဖွဲ့စည်း သွားရန်၊ အစိမ်းရောင်စီးပွားရေးမူဝါဒ မူဘောင်ကိုလည်း ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် တိုက်တွန်း လိုပါကြောင်း၊ လေအရည်အသွေး၊ ရေအရည်အသွေးများ ကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများတွင် စစ်ဆေးထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် Sustainable Natural Resources Management Strategy ကိုလည်း ထုတ်ပြန်နိုင်ရေးအတွက် အရှိန်အဟုန် ဖြင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်း ကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအစီရင်ခံစာ၊ ကနဦး ပတ်ဝန်းကျင် ဆန်းစစ်မှုအစီရင်ခံစာ၊ ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှု အစီအစဉ်များကိုလည်း မှန်ကန်တိကျမြန်ဆန်စွာ စိစစ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊
အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်း လဲမှုဆိုင်ရာဗဟိုကော်မတီကိုလည်း ပြန်လည်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
တိုက်တွန်း
သစ်ထုတ်လုပ်ရာတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း၊ နည်းစနစ်များနှင့်အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ်ထား သည့် လျာထားဝင်ငွေရရှိရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက် ရန် တိုက်တွန်းလိုပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာ တက္ကသိုလ်မှ ဘွဲ့ရရှိသူများကလည်း နိုင်ငံ တကာတက္ကသိုလ်ကြီးများတွင် မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့ရရှိ ခဲ့သူများစွာရှိခဲ့ခြင်းကြောင့် အရည်အသွေးမြင့်မားသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ မွေးထုတ်နိုင်ခဲ့သည့် အစဉ်လာကောင်းကိုလည်း ဆက်လက်ထိန်းသိမ်းသွား ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။
သတ္တုကဏ္ဍနှင့်ပတ်သက်၍ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ Responsible Mining ဖြစ်အောင် ဆောင်ရွက်ရန်နှင့် ယင်းသို့ ဖြစ်စေရန်အတွက် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှု၊ လူမှုရေးဆိုင်ရာ ထိခိုက်ပျက်စီးစေမှုများ မရှိစေရေး၊ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းတို့ကို အလေးထား လိုက်နာဆောင်ရွက်စေရေး၊ စျေးကွက်ရရှိရေး၊ လက်ရာ အဆင့်အတန်းမြင့် အချောထည်များ ထုတ်လုပ်တင်ပို့ နိုင်ရေး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းများ လိုက်နာ စေရေး၊ Mining Closure Plan ကို စနစ်တကျရေးဆွဲပြီး အမှန်တကယ် လိုက်နာဆောင်ရွက်စေရေး၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များ လိုက်နာစေရေး၊ COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ကျောက်မျက်ရတနာပြပွဲများ စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ကျောက်မျက်/သတ္တုလုပ်ကွက်များအား သတ်မှတ်စည်းကမ်းလိုက်နာမှု ရှိ/မရှိ စစ်ဆေးကြပ်မတ် သည့်စနစ် ပီပြင်အားကောင်းအောင် ဆောင်ရွက်ရေးတို့ကို အလေးထား ဆောင်ရွက်ရန်ပြောကြားခဲ့သည်။
ဆက်လက်၍ ဌာန/လုပ်ငန်းဆိုင်ရာ အကြီးအကဲများ က ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီး က မိမိတို့ ဌာန၊ လုပ်ငန်း၊ တက္ကသိုလ်တို့၏ လုပ်ငန်းစဉ်များ ကို အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးစေလိုပါ
ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သစ်တောသယံဇာတ ထိန်းသိမ်းကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးတို့သည် ကမ္ဘာကြီးနှင့် လူသားအားလုံးအတွက် အထူး အရေးကြီးပါကြောင်း၊ မိမိအနေဖြင့်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာကဏ္ဍဆိုင်ရာ အမြဲတမ်း အတွင်းဝန်အဖြစ်မှ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ပေးအပ်ခြင်းခံရသည့်အတွက် ယခုကဏ္ဍ၏ အရေးကြီးပုံကို သိရှိပါကြောင်း၊ ယခုကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသူ များသည် သစ်တောများ၏ တန်ဖိုးကို သိရှိပြီး ချစ်မြတ်နိုးသူ များ၊ ပတ်ဝန်းကျင်ချစ်သူများဖြစ်သည်ကို ကိုယ်တွေ့သိရှိခဲ့ရ သည့်အတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိအပိုင်းကလည်း ပြည်ထောင်စု ဝန်ကြီး တစ်ဦးအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာကဏ္ဍ၊ သတ္တုရေးရာကဏ္ဍတို့မှ ဌာနအကြီး အကဲများ၊ အရာထမ်း/အမှုထမ်းများ အားလုံးတို့နှင့် စုပေါင်း၍ Team Work ဖြင့် ယခု (၁) နှစ်တာအတွင်း အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်