
နေပြည်တော် ဇန်နဝါရီ ၂၉
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသား အဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပြည်ထောင်စုရှေ့နေ ချုပ် ဦးထွန်းထွန်းဦးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
သိသာထင်ရှား သောရလဒ်များ
ရှေးဦးစွာ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်း ခိုင်က အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ဖွဲ့စည်းခဲ့ပြီးနောက် ကော်မတီအစည်း အဝေးများအား (၃) ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်း အစည်းအဝေးများမှ သိသာထင်ရှား သောရလဒ်များအဖြစ် မြန်မာနိုင်ငံ၏ Energy Mix တွင် Renewable Energy ပါဝင်မှု တိုးတက်လာစေခဲ့ပါကြောင်း၊ ပထမဆုံးသော Solar Power Plant (40 MW) ကို မင်းဘူးတွင် ၂၀၁၉ ခုနှစ် ဇွန် ၂၇ ရက်၌ လည်းကောင်း၊ မာန်အောင်ကျွန်း Solar Power Plant (0.5 MW) ဖွင့်ပွဲကိုလည်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်၌လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက် ရောက် ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ကိုကိုးကျွန်းတွင် Solar Power Plant (0.5 MW)မှ ဓာတ်အားများကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှစတင်ပြီး ၂၄ နာရီ၊ ၇ ရက် ပတ်လုံး ဖြန့်ဖြူးပေး နေပြီဖြစ်ပါကြောင်း၊ အဆိုပါရလဒ်များ သည် Renewable Energy မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုတိုးမြှင့်ဆောင် ရွက်ရေးအတွက် နိုင်ငံတော်အကြီး အကဲများ၏ အလေးထားအားပေးမှု၊ လမ်းညွှန်မှုများကို သိမြင်နိုင်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် NREC တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ သည့်အတိုင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် Renewable Energy ဖြစ်သည့် Solar Power Plant စီမံကိန်းများကို နေရာ ၂၉ ခုတွင် စုစုပေါင်းတပ်ဆင်အင်အား ၁၀၃၀ မဂ္ဂါဝပ်ဖြင့် စတင်အကောင်အထည် ဖော် ဆောင်ရွက်နေပြီဖြစ်ရာ ယခုနှစ် နှစ်လယ်ပိုင်းတွင် စတင် ဓာတ်အား ထုတ်လုပ်နိုင်ရန် စီမံထားရှိပါကြောင်း။
ယင်းသို့ သိသာများပြားသည့် Solar Power ပမာဏများကို ဆောင်ရွက်ပြီးစီးပါက ယင်းအချိန်တွင် မြန်မာနိုင်ငံ၏ Generation Mix ၌ ရေအား ၄၀ ရာခိုင်နှုန်း၊ နေစွမ်းအင် ၁၄ ရာခိုင်နှုန်း၊ ပြည်တွင်းမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ သုံးရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့အရည် (LNG) ၁၁ ရာခိုင်နှုန်းနှင့် အခြား တစ်ရာခိုင်နှုန်း တို့ ပါဝင်လာမည် ဖြစ်ပါကြောင်း၊ စုစုပေါင်းစက်တပ်ဆင်အင်အား ၈၁၁၈ မဂ္ဂါဝပ်ဖြစ်လာမည့် အချိန်တွင် Renewable Energy မှ ၅၄ ရာခိုင်နှုန်း၊ သန့်ရှင်းသည့် လောင်စာ (Clean Fuel) မှ ၄၅ ရာခိုင်နှုန်းအချိုးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ၏ Ren-ewable Energy နှင့် Climate Change ဆိုင်ရာမူဝါဒများကို လိုက်နာဆောင် ရွက်နိုင်ခဲ့ပြီး အာဆီယံ၏ Renewable Energy ဆိုင်ရာ မျှော်မှန်းချက်များကို ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ ခြင်းပင်ဖြစ်ပါကြောင်း၊ ပြည်သူလူထု အတွက် လတ်တလောအကျိုးအမြတ် အနေဖြင့် လျှပ်စစ်ဓာတ်အားရရှိမှု အချိုး (Electrification Ratio) ၅၈ ရာခိုင်နှုန်းကျော် ရရှိနေပြီဖြစ်ပြီး အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိရန် အတွက် Renewable Energy ကဏ္ဍကို အရှိန်မြှင့်တင်ပေးမည်ဖြစ်ပါ ကြောင်း။
အလေးထားပြောကြား
၂၀၂၁ ခုနှစ် မတ်လတွင် ရန်ကုန် တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အား ရရှိမှု ၁၀၀ ရာခိုင်နှုန်းနှင့် မန္တလေးတိုင်း ဒေသကြီးတွင် လျှပ်စစ်ဓာတ်အားရရှိမှု ၇၅ ရာခိုင်နှုန်း ရှိမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် အထောက် အကူပြုလုပ်ငန်းအဖွဲ့များ (Working Group) (၈) ခု၏ သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းအစီအစဉ်များနှင့် အနာဂတ် စီမံချက်များကို NREC အဖွဲ့ဝင်များသို့ တင်ပြသွားမည်ဖြစ် ပါကြောင်း၊ လုပ်ငန်းအဖွဲ့များ၏ အချိန်တိုအတွင်း ထူးခြားသည့် တိုးတက်မှုများရရှိအောင် နှစ်မြှုပ် ဆောင်ရွက်ခဲ့ကြသည်ကို ချီးကျူး ဂုဏ်ပြုလိုပါကြောင်း၊ ထို့အပြင် ယခု နှစ် နှစ်ကုန်ပိုင်းတွင် ဗြိတိန်နိုင်ငံတွင် ကျင်းပရန်ရှိသည့် COP 26 Climate Change Conference ၏ အကြို အစည်းအဝေးအဖြစ် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၂ ရက်၌ ကျင်းပခဲ့သည့် Climate Ambition Summit ထိပ်သီး အစည်းအဝေးတွင်လည်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကာဗွန် လျှော့ချရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုများအတွက် Renewable Energy ကို သုံးစွဲမှု မြှင့်တင်ရေးတို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကတိကဝတ် များကို အလေးထားပြောကြားခဲ့ပါ ကြောင်း။
၂၀၃၀ ပြည့်နှစ်တွင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ပါဝင်မှုအချိုးကို ၃၉ ရာခိုင်နှုန်းထိ တိုးမြှင့်ရရှိရန်လည်း ကတိပြု ပြောကြားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေးဆွဲထားသော အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Nationally Determined Contribution-NDC) အရ ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန်ကို ၂၉၇ သန်းမှ ၁၄၄ သန်းသို့ လျှော့ချ သွားရန် ရည်မှန်းထားပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မဟာ ဓာတ်အားလိုင်းစနစ်ကို တိုးချဲ့၍ လျှပ်စစ်ဓာတ်အားရရှိမှု အချိုး တိုးတက်အောင် ဆောင်ရွက်နေသကဲ့ သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှလည်း Solar Mini-grid နှင့် Solar Home System (SHS) များ ကို ဝေးလံပြီး လူနေကျဲပါးသော ကျေးလက်ဒေသများ၌ ဆောင်ရွက် ပေးလျက်ရှိရာ National Electrifi-cation Rate တွင် ၅ ရာခိုင်နှုန်းခန့် တိုးမြှင့်ရရှိစေခဲ့ပါကြောင်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ Floating Solar စီမံကိန်းကို လည်းကောင်း၊ စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနမှလည်း စက်မှုမြေများ၌ Solar Power Plant အကောင်အထည် ဖော်ရေးကိုလည်းကောင်း ရည်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင် ထိရောက်စွာအသုံးချရေး (Energy Efficiency) နှင့် ထိန်းသိမ်းရေး (Energy Conservation) တို့အတွက် အိမ်သုံးလျှပ်စစ် ပစ္စည်းများပေါ်တွင် Energy Efficiency Labeling ပြုလုပ် ရေးကိုလည်း တက်ကြွစွာ ပါဝင်ဆောင် ရွက်လျက်ရှိပါကြောင်း။
NREC ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလ အလွန် စီးပွားရေးပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များတွင် အလုပ်အကိုင် များ ဖန်တီးရေးကို နိုင်ငံ့ခေါင်းဆောင် များ၏ လမ်းညွှန်ချက်များ၊ MSDP Strategy နှင့် CERP Guideline တို့နှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ NREC ကော်မတီ၏ အနာဂတ် ရည်မှန်းချက်များအတွက် လုပ်ငန်းစဉ်များကို လေးလေးနက်နက် ဆွေးနွေးမှုများမှ ကောင်းမွန်သော ရလဒ်များရရှိမည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။
ဝိုင်းဝန်းအကြံပြု ဆွေးနွေး
ဆက်လက်၍ NREC ကော်မတီ ဝင်များနှင့် အစည်းအဝေး တက်ရောက်လာသူများက မိမိတို့ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများနှင့်ပတ် သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ ကြပြီး အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ တာဝန် ရှိသူများအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင် ဒေါက်တာသစ်ဆင်း၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ ဒေါက်တာစုံဟန်၊ မြန်မာနိုင်ငံ ဗိသုကာ အသင်းဥက္ကဋ္ဌ ဦးမော်လင်း၊ မြန်မာ့ ပြန်ပြည့်မြဲစွမ်းအင်အသင်း ဗဟို ကော်မတီဝင် ဦးသန်းဌေး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း တွဲဖက် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်သက်ပိုင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးအေးထွန်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများကလည်း Online မှ တစ်ဆင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်