မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ပြည်ပသို့ သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် ဖမ်းဆီးရမိ

 

နေပြည်တော်    မတ်    ၁၀ 


မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်၌   ပြည်ပသို့သယ်ဆောင်မည့်  ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဆီဘောက်ဆာ ယာဉ်ဖြင့်  အိုက်စ်(မက်သ်အဖက်တမင်း)များ  သယ်ဆောင်မည်    ဖြစ်ကြောင်း သတင်းအရ      မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်  မတ် ၄ ရက် မွန်းတည့် ၁၂    နာရီတွင်    မန္တလေးတိုင်း ဒေသကြီး           သာစည်မြို့နယ် ကျွဲတပ်ဆုံ   ရှာဖွေစစ်ဆေးရေး စခန်း၌  ကလောမြို့နယ်ဘက်မှ သာစည်မြို့နယ်ဘက်သို့ သိန်းဝင်း ဆွေ  (ခ)  မဲကြီး မောင်းနှင်ပြီး ကျော်ခိုင်ထွေး  လိုက်ပါလာသည့် သတင်းရရှိထားသော ဆီဘောက် ဆာ   ရှစ်ဘီးယာဉ်ကို  ရှာဖွေရာ ယာဉ်၏      ကိုယ်ထည်အတွင်း သိုဝှက်   သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ     ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာတွင်     ပူးပေါင်း ပါဝင်သူ ကိုဘုန်း (ခ) ဘုန်းနိုင်ဝင်း အား မတ် ၅ ရက် မွန်းတည့် ၁၂ နာရီတွင် တောင်ကြီးမြို့ ကျောင်း ကြီးစုရပ်ကွက်     နယ်မြေ(၁၂) နေအိမ်တွင် FORD ယာဉ်တစ်စီး နှင့်အတူ   ဆက်လက်ဖမ်းဆီးရမိ ခဲ့ကြောင်း၊  ယခင်  ဖမ်းဆီးရမိခဲ့ သည့်   အိုက်စ်  (မက်သ်အဖက် တမင်း)များမှာ လက်ဖက်ခြောက် အိတ်ခွံအမျိုးမျိုးဖြင့် ထုပ်ပိုးခြင်း ဖြစ်ပြီး   ယခုဖမ်းဆီးရမိခဲ့သည့်  အိုက်စ်   (မက်သ်အဖက်တမင်း)များမှာ       လက်ဖက်ခြောက် အိတ်ထုပ်ပိုးခွံ     အမှတ်တံဆိပ် အသစ်ဖြင့်   ထုပ်ပိုးထားကြောင်း၊ စစ်ဆေး    ပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက် တမင်း)များကို     ရှမ်းပြည်နယ် မှ     ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ယင်းမှတစ်ဆင့် ပင်လယ်ရေကြောင်း  အသုံးပြု၍ ပြည်ပသို့ ဆက်လက်သယ်ဆောင် မည်ဖြစ်ကြောင်း   သိရှိရသဖြင့်  ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး       ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား   ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်