နေပြည်တော်ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်၌ အခကြေးငွေယူ၍ Passport ပြုလုပ်ပေးသူ အမျိုးသမီး တစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်   ၁၀


၂၀၂၃   ခုနှစ်   မတ်  ၇  ရက်တွင် “နေပြည်တော်  အသိုင်းအဝိုင်း” Facebook   Group  “Win Min Thant”   Facebook  Account ပိုင်ရှင်က “နေပြည်တော် ၈ မြို့နယ် အိမ်ထောင်စုဖြင့် ပတ်စပို့အမျိုးမျိုး ကို ယုံကြည်စွာဖြင့် အပ်နှံနိုင်ပါပြီ၊ ဆက်သွယ်ရန်       ဖုန်းနံပါတ် 09-422116161”ဟု   ရေးသား ဖော်ပြထားခဲ့မှုနှင့်  ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေ နှင့်အညီ     ဖော်ထုတ်အရေးယူ နိုင်ရေး    စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

 


ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များက Facebook Page တွင် ဖော်ပြထားရှိသည့်   ဖုန်းနံပါတ် 09-422116161 သို့ မတ် ၈ ရက် ည  ၇  နာရီတွင် ဆက်သွယ်စုံစမ်း ခဲ့ရာ    သာမန်မြန်မာနိုင်ငံကူး လက်မှတ်အသစ်   (သို့မဟုတ်) သက်တမ်းတိုး    လျှောက်ထား မည်ဆိုပါက   ၎င်းအား ငွေကျပ် ၂၄၀၀၀ဝ      ပေးချေရမည်ဖြစ် ကြောင်း၊ လျှောက်ထားသူအနေ ဖြင့်   မှတ်ပုံတင်မိတ္တူ    နှစ်စုံ၊ အိမ်ထောင်စုစာရင်းမိတ္တူ  နှစ်စုံ ယူဆောင်လာ၍      ပျဉ်းမနား တရားရုံးအရှေ့ရှိ   ၎င်း၏နေအိမ် ဖြစ်သော   “ရွှေလဝန်းမိတ္တူ”  သို့ စရန်ငွေကျပ်  ၁၀၀၀၀ဝ  နှင့်အတူ ယုံကြည်စိတ်ချစွာ    လာရောက် အပ်နှံနိုင်ကြောင်း၊ PJ အမျိုးအစား ဖြင့်    လျှောက်ထားမည်ဆိုပါက မြို့နယ်အလုပ်သမားရုံးမှ လေဘာ ကတ်   ယူဆောင်လာရမည်ဖြစ် ကြောင်း၊ လေဘာကတ်ယူဆောင် ရန်   အခက်အခဲရှိပါက  ငွေကျပ် ၅၀၀ဝ      ထပ်မံပေးရမည်ဖြစ် ကြောင်း၊  အလုပ်အပ်မည်ဆိုပါက စရန်ငွေနှင့်အတူ    ၎င်း၏နေအိမ် သို့ လာရောက်အပ်နှံနိုင်ကြောင်း၊ အလုပ်အပ်နှံသည့်နေ့မှ  စတင်၍ တစ်ပတ်အတွင်း  သာမန်မြန်မာ နိုင်ငံကူးလက်မှတ် လျှောက်ထား နိုင်စေရန်    ဆောင်ရွက်ပေးမည် ဖြစ်ပြီး      လျှောက်ထားပြီးပါက  နှစ်ပတ်အတွင်း   စာအုပ်ရရှိမည် ဖြစ်ကြောင်း   ပြန်လည်ဖြေကြား ခဲ့ကြောင်း      ဖော်ထုတ်သိရှိရ သည်။

 


ထိုသို့   စုံစမ်းဖော်ထုတ်ချက် အရ ၎င်းချိန်းဆိုသည့် ပျဉ်းမနား မြို့ ပေါင်းလောင်း (၂)  ရပ်ကွက်ရှိ “ရွှေလဝန်းမိတ္တူ” ဆိုင်သို့  သွား ရောက်ဖမ်းဆီးခဲ့ရာ အခကြေးငွေ ယူ၍          နိုင်ငံကူးလက်မှတ် တစ်ဆင့်ခံ        ပြုလုပ်ဆောင်ရွက် ပေးသူ တရားခံဖြစ်သည့် ဝင်းမင်း သန့်(၄၂)နှစ် (ဘ) ဦးတင်ညွန့်အား မတ် ၉ ရက် ည ၉ နာရီ ၁၅ မိနစ် တွင် အဆိုပါမိတ္တူဆိုင်၌ ဖမ်းဆီး ရမိခဲ့ပြီး    ပျဉ်းမနားမြို့မရဲစခန်း တွင် ဥပဒေနှင့်အညီ အမှုဖွင့်လှစ် အရေးယူ    ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်