
ဘာလင် မတ် ၁၀
ဂျာမနီနိုင်ငံ မြောက်ပိုင်းမြို့ဖြစ်သည့် ဟမ်းဘာ့ဂ်ရှိ ဘာသာရေး အဆောက်အအုံတွင် မတ် ၉ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဂျာမန် မီဒီယာများတွင် ဖော်ပြကြသည်။ ယင်းသို့ ပစ်ခတ်မှုကြောင့် ခုနစ်ဦး သေဆုံးပြီး ဒဏ်ရာရှိသူများလည်းရှိကြောင်း မီဒီယာများတွင် ဖော်ပြ ထားသည်။
မတ်လ ၉ ရက် ညပိုင်းက ဘုရားရှိခိုးကျောင်းအတွင်း သေနတ်သမား တစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံအာဏာပိုင်များက အစီရင်ခံ ဖော်ပြထားသည်။ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော သေနတ် သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ၏ပြောကြားချက်ကို ကိုးကားကာ ပြည်တွင်းရုပ်သံလိုင်းတစ်ခု တွင် ဖော်ပြခဲ့သည်။
လူအချို့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဒေသခံ ရဲအရာရှိက ပြောသည်။ သေဆုံးသူများထဲတွင် သေနတ်သမားလည်း ပါဝင်ခြင်း ရှိ မရှိ မသိရသေးချေ။ ယင်းသို့ပစ်ခတ်မှု၏ အကြောင်းရင်း ကို ရဲများက စုံစမ်းစစ်ဆေးလျက်ရှိသည်။
ပစ်ခတ်မှုကျူးလွန်သူ ထွက်ပြေးသွားသည့်သက်သေကို မတွေ့ ရသေးဟု ရဲများက ပြောသည်။
ဟမ်းဘာ့ဂ်မြို့တော်ဝန် ပီတာ ရှန်ချာကလည်း သေဆုံးသွားသူ များ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။
ကျူးလွန်သူများကို ဖမ်းမိရန်နှင့် ယင်းသို့ပစ်ခတ်ရခြင်း၏အကြောင်း ကို ဖော်ထုတ်နိုင်ရေး ရဲများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ၎င်း၏တွစ်တာအကောင့်တွင် ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ