
ကွာလာလမ်ပူ မတ် ၁၀
မလေးရှား ဝန်ကြီးချုပ်ဟောင်း မူဟီဒင်ယက်ဆင်းကို ကိုဗစ်-၁၉ ကယ်ဆယ်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး အကျင့်ပျက်ခြစားမှု၊ ငွေကြေးခဝါချမှုတို့နှင့် စွဲချက် တင်ခဲ့သည်။ ၎င်းသည် နိုင်ငံကို ၂၀၂၁ ခုနှစ် သြဂုတ်အထိ ၁၇ လ ကြာ တာဝန်ယူအုပ်ချုပ်ခဲ့သည်။
ကြာသပတေးနေ့တွင် ဖမ်းဆီး ခံရပြီးနောက် တစ်ရက်အကြာ ယခုလို အမှုများဖြင့် စွဲချက်တင် ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း နှင့် အတိုက်အခံ ခေါင်းဆောင်သည် ယခုအခါ စွဲချက်ပေါင်း ခြောက်မှု နှင့် ရင်ဆိုင်နေရသည်။
အဆိုပါအမှုများတွင် ၎င်းပါတီ ပိုင် ဘဏ်အကောင့်တစ်ခုတွင် အမေရိကန်ဒေါ်လာ ၅၁ သန်း ကျော် လာဘ်ငွေလက်ခံရရှိရန် အာဏာအလွဲသုံးစားလုပ်မှုလည်း ပါဝင်သည်။
မူဟီဒင်ကို အာမခံဖြင့် လွှတ်ပေးထားသည်။ စွဲချက် ခြောက်မှုစလုံးတွင် အပြစ်မရှိ ကြောင်း ၎င်းက ပြောခဲ့သည်။
လွန်ခဲ့သောနှစ်က ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကို ပွတ်ကာ သီကာ ရှုံးနိမ့်ခဲ့ချိန်ကတည်းက ၎င်းနှင့် ၎င်းပါတီသည် စစ်ဆေးမှု များ ခံယူခဲ့ရသည်။
အန်ဝါသည် ယခင်အစိုးရ၏ အကျင့်ပျက်ခြစားမှုကို ဖော်ထုတ် ရန် အင်တိုက်အားတိုက်ဆောင်ရွက် လျက်ရှိသည်။
အင်န်အိတ်ချ်ကေ