ဝက်လက်မြို့နယ် ရုံးသာကျေးရွာအနီး ဝက်လက် - ရုံးသာကျေးရွာသွား ကားလမ်းရှိ သံကူသစ်သားတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

 

နေပြည်တော်   မတ်   ၉    


စစ်ကိုင်းတိုင်းဒေသကြီး    ဝက်လက်မြို့နယ်    ရုံးသာကျေးရွာအနီး ဝက်လက် - ရုံးသာကျေးရွာသွား  ကားလမ်းရှိ သံကူသစ်သားတံတား အား PDF  အမည်ခံ  အကြမ်းဖက်သမားများက      မီးရှို့ဖျက်ဆီးခဲ့ သည်။

 


ဖြစ်စဉ်မှာ မတ် ၈ ရက် နံနက် ၁၁ နာရီ ၁၀  မိနစ်ခန့်တွင်  စစ်ကိုင်း တိုင်းဒေသကြီး  ဝက်လက်မြို့နယ်  ရုံးသာကျေးရွာအနီး  ဝက်လက်-ရုံးသာကျေးရွာသွား  မြေသားကားလမ်းရှိ   သံကူသစ်သားတံတား/ ပြွန်ကြီးတံတား(ဒေသအခေါ်)အား PDF အမည်ခံ အကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီးခဲ့သဖြင့်   တံတားတစ်စင်းလုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး  မော်တော်ယာဉ်နှင့်   ဆိုင်ကယ်များ  သွားလာ၍မရကြောင်း သိရှိရသည်။

 


ထိုသို့ အကြမ်းဖက်သမားများ၏  ဖျက်ဆီးမှုကြောင့်  ပျက်စီးသွား သည့်တံတားအား    တာဝန်ရှိသူများက    ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး  အများပြည်သူ    ဖြတ်သန်းသွားလာအသုံးပြု လျက်ရှိသည့် တံတားအား မီးရှို့ဖျက်ဆီးခဲ့သည့်   အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများအား  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း   သတင်း ရရှိသည်။ 

သတင်းစဉ်