မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ညောင်ဝင်းမြောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ PDF အမည်ခံ အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

 

နေပြည်တော်   မတ်   ၉        

 

မကွေးတိုင်းဒေသကြီး    ပေါက် မြို့နယ်       ညောင်ဝင်းမြောက် ကျေးရွာ  အခြေခံပညာမူလတန်း ကျောင်းအတွင်းမှ   PDF အမည်ခံ အကြမ်းဖက်သမားများ   သိုဝှက် သိမ်းဆည်းထားသည့်  လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

 


ဖြစ်စဉ်မှာ    ပေါက်မြို့နယ် အတွင်း   လုံခြုံရေးဆောင်ရွက်နေ သော       လုံခြုံရေးတပ်ဖွဲ့ဝင်များ သည်   ယနေ့နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင်  ညောင်ဝင်းမြောက် ကျေးရွာ၏   မြောက်ဘက် မီတာ ၃၀၀    ခန့်အကွာသို့    အရောက်၌ PDF   အမည်ခံ  အကြမ်းဖက်သမား များက  ကျေးရွာစာသင်ကျောင်း အနီးတစ်ဝိုက်မှ  လက်နက်ငယ် များဖြင့်      စတင်ပစ်ခတ်တိုက်ခိုက် သဖြင့်     လုံခြုံရေးတပ်ဖွဲ့ဝင်များ က      ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည်       ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ   အကြမ်းဖက်သမားများသည် ကျေးရွာ၏  အနောက်တောင်ဘက် သို့   ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းနေရာတစ်ဝိုက်အား   လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်း များ   ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာရှိ  အခြေခံပညာမူလတန်း ကျောင်းအတွင်းမှ   အကြမ်းဖက် သမားများ   သိုဝှက်သိမ်းဆည်း ထားသည့်    လက်လုပ်သေနတ် ၁၀ လက်၊  လက်လုပ်မိုင်း ၁၄ လုံး၊ လက်လုပ်ကျည်အိမ်      သုံးခု၊ ကျည်မျိုးစုံ ၈၈ တောင့်၊ လက်လုပ် ဗုံးသီး ၁၈ လုံး၊  ဝရိန်စက် တစ်လုံး၊ ကျောက်ဖြတ်စက်      တစ်လုံး၊ လွန်စက် တစ်လုံး၊  ဒီတိုနေတာ သုံးခု၊ ဆိုင်ကယ်မျိုးစုံ  ခြောက်စီး နှင့် ဆက်စပ်ပစ္စည်းများ၊  ဆီ ၁၀ ပိဿာနှင့် ဆန်ခြောက်အိတ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 


အထက်ပါဖြစ်စဉ်မှ   ကလေး ငယ်များ        ပညာသင်ကြားရာ စာသင်ကျောင်း၌     လက်နက်/ ခဲယမ်းများနှင့်   ဆက်စပ်ပစ္စည်း များ     သိုဝှက်သိမ်းဆည်းထား သည့်   အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး၊  ဒေသခံ ပြည်သူများ  အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့များက   နယ်မြေလုံခြုံရေး လုပ်ငန်းများ  တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်းနှင့်  သိမ်းဆည်း ရမိခဲ့သည့် လက်နက်/ခဲယမ်းများ အား   လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း    သတင်းရရှိ သည်။        

သတင်းစဉ်