
လာဂို့စ် မတ် ၉
နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့ ၌ မတ် ၉ ရက်က ရထားနှင့် ဘတ်စ်ကားတို့ တိုက်မိမှုဖြစ်ပွား ပြီး နှစ်ဦး သေဆုံးကာ ၈၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသား အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီက ပြောသည်။ လာဂို့စ်ပြည်နယ် အစိုးရမှ ရုံးဝန်ထမ်းအမျိုးသမီး နှစ်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ရ သည်။ ဒဏ်ရာရရှိသူအများအပြား ကို ကယ်တင်နိုင်ခဲ့သည်ဟု အမျိုးသားအရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီမှ ဒေသတွင်းညွှန်ကြား ရေးမှူးဖြစ်သူ အီဘရာဟင်က ပြောသည်။ ပြည်နယ်အစိုးရ၏ ဝန်ထမ်းရုံးကားသည် ရထားလမ်း ကို ဖြတ်ကျော်ရန် ကြိုးပမ်းစဉ် ရထားနှင့် တိုက်မိခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါဖြစ်ရပ် နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များမရရှိသေးချေ။ ဒဏ်ရာရရှိသူများ အားလုံးကို ဆေးရုံတွင် လုံလောက်သည့် ကုသမှုပေးထားကြောင်း ၎င်းက ဆက်ပြောသည်။
ဆင်ဟွာ