
ဂျကာတာ မတ် ၉
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ပြည်နယ် ရီရယ်ကျွန်းတွင် မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေ ၂၅ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူ ၃၃ ဦးရှိသည်ဟု သဘာဝဘေးအေဂျင်စီ အရာရှိ တစ်ဦးက မတ် ၉ ရက်တွင် ပြောသည်။
မတ် ၆ ရက်တွင် ကယ်ဆယ် ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများအတွက် စက်ယန္တရား ကြီးများလည်း ရောက်ရှိလာ သည်ဟု နာတူနာ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုနှင့် လျော့ပါး သက်သာစေရေး အေဂျင်စီမှ အတွင်းရေးမှူးဖြစ်သူ ဆီယာရစ်ဖ် ဖူဒင် မိုဟာမက်က ပြောသည်။ သေဆုံးသူ ၂၅ ဦးအနက် ၂၁ ဦး၏ ရုပ်အလောင်းကိုသာ မည်သူ မည်ဝါမှန်း ခွဲခြားနိုင်သေးသည်။
ရှာဖွေရေးလုပ်ငန်းများ ဆက် လက် လုပ်ဆောင်နေသည့်အတွက် သေဆုံးသူဦးရေမှာလည်း တိုးလာ နိုင်သေးကြောင်း ၎င်းကဆက် ပြောသည်။ မတ် ၆ ရက်က မြေပြိုမှုဖြစ်ပွားပြီးနောက် လူပေါင်း ၁၃၀၀ နီးပါးမှာ နေအိမ်မှ စွန့်ခွာ ခဲ့ရသည်ဟု အမျိုးသားသဘာဝ ဘေး စီမံခန့်ခွဲမှု အေဂျင်စီက ပြောသည်။ မိသားစုပေါင်း ၁၀၀ နီးပါးကို ပြန်လည်နေရာချထား ပေးခဲ့ရသည်ဟု အမျိုးသားသဘာဝ ဘေးစီမံခန့်ခွဲရေးနှင့် လျော့ပါး သက်သာစေရေး အေဂျင်စီမှ အကြီးအကဲဖြစ်သူ ဆူဟာယန်တို ကပြောသည်။
ဆင်ဟွာ