တူကီယဲ၊ ပီရူးနှင့် ရီယိုဒီဂျနေးရိုးတို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားများ ကျင်းပ

 

အင်ကာရာ    မတ်    ၉


အပြည်ပြည်ဆိုင်ရာ  အမျိုးသမီးများနေ့  ချီတက်ပွဲ များကို    တူကီယဲ၊   ပီရူးနှင့်  ဘရာဇီးနိုင်ငံတို့တွင် ပြုလုပ်ခဲ့ပြီး ကမ္ဘာ့နေရာအနှံ့အပြားမှ လူပေါင်းများ စွာလည်း ပါဝင်ခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့ ချီတက်ပွဲတွင် အမျိုးသမီးများ အခွင့် အရေးတိုးမြှင့်ရန်အတွက် တောင်းဆိုခဲ့ကြသည်။ 


ထောင်ပေါင်းများစွာသော တူကီယဲအမျိုးသမီး များသည် မတ် ၈ ရက်က တားမြစ်ပိတ်ပင်ချက်ကို ဆန့်ကျင်ကာ  အစ္စတန်ဘူလ်မြို့၌  စုဝေးခဲ့ကြပြီး  ကြွေးကြော်တောင်းဆိုခဲ့ကြသည်။ ချီတက်သူများနှင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲများအကြား ပဋိပက္ခများ ဖြစ်ပွားပြီး မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့ရသည်။ 


ပီရူးနိုင်ငံ   မြို့တော်လီမာ၌လည်း  အမျိုးသမီး များအပေါ် ခွဲခြားဆက်ဆံမှုကို အဆုံးသတ်ပေးရန်  အမျိုးသမီးများက တောင်းဆိုခဲ့ကြသည်။ ဘရာဇီး နိုင်ငံ၏ အကြီးဆုံးမြို့တော် ရီယိုဒီဂျနေးရိုး၌လည်း  အမျိုးသမီးများ လမ်းပေါ်ထွက်ကာ  ကျားမအခြေပြု     အကြမ်းဖက်မှုများ    အဆုံးသတ်ရန်    တောင်းဆို ခဲ့ကြသည်။                   

အင်န်အိတ်ချ်ကေ