ကာလဝမ်းရောဂါ တိုက်ဖျက်ရေးအတွက် ဇမ်ဘီယာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၈၅၀၀၀ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပေးအပ်

 

လူဆာကာ   မတ်    ၁


ဇမ်ဘီယာနိုင်ငံတွင်    ကာလဝမ်း ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက်      ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက      အမေ ရိကန်ဒေါ်လာ ၂၈၅၀၀၀ ပေးအပ်ခဲ့ သည်ဟု  ဖေဖော်ဝါရီ  ၂၈ ရက်တွင်  သတင်းထုတ်ပြန်သည်။ 

 


အဆိုပါ       ရန်ပုံငွေများဖြင့်  လူ့အသက်များ     ကယ်တင်နိုင် မည်ဖြစ်ပြီး    ရောဂါ   ဖြစ်ပွားမှု တွင်          ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်မှုများကို ဆက်လက် လုပ်သွားနိုင်မည်      ဖြစ်သည်။ ကာလဝမ်းရောဂါ    ဖြစ်ပွားမှုမှာ      စိုးရိမ်ရသည့်အရာ   ဖြစ်ကြောင်း၊ ဇမ်ဘီယာနိုင်ငံတွင်     ကာကွယ် ရေး     လုပ်ငန်းများ    လုပ်ဆောင် ရန်အတွက်          မှန်ကန်သည့်    ကိရိယာများရှိကြောင်း   ဇမ်ဘီယာ နိုင်ငံဆိုင်ရာ     ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏        ကိုယ်စားလှယ် နာသန်ဘတ်က်       ရိတ်တာက ပြောသည်။

 


ယခုနှစ် ဇန်နဝါရီ ၂၆ ရက်  တွင်   ဇမ်ဘီယာနိုင်ငံ  အရှေ့ပိုင်း ဘာဗွီခရိုင်၌     ကာလဝမ်းရောဂါ ဖြစ်ပွားနေကြောင်း      ကြေညာခဲ့ သည်။   ထို့နောက်   ခရိုင်ငါးခုသို့ ပျံ့နှံ့ခဲ့ပြီး   လူပေါင်း  ၁၉၁  ဦး ကူးစက်ခံရကာ   လေးဦး  သေဆုံး  ခဲ့သည်ဟု သိရသည်။

ဆင်ဟွာ