ဂရိနိုင်ငံအလယ်ပိုင်း၌ ရထားနှစ်စင်းတိုက်မှု သေဆုံးသူ ၃၆ ဦးရှိလာ

 

အေသင်   မတ်     ၁


ဂရိနိုင်ငံအလယ်ပိုင်းတွင်   ဖေဖော်ဝါရီ  ၂၈  ရက် နှောင်းပိုင်း၌ ရထားနှစ်စင်းတိုက်မိမှုမှ သေဆုံးသူ ပေါင်း ၃၆ ဦးအထိ မြင့်တက်လာကာ ပြင်းထန်သော အခြေအနေတွင်ရှိပြီး အထူးကြပ်မတ်ကုသဆောင် တွင်  ကုသမှု  ခံယူနေရသူ  ခြောက်ဦး  အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ   ၆၆   ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ဂရိမီးသတ်ဌာန က မတ် ၁ ရက်တွင် ပြောသည်။

 


လူစီးရထားနှင့်   ကုန်တင်ရထားတို့    တိုက်မှု ဖြစ်ပွားခြင်းဖြစ်ပြီး လူစီးရထားမှာ အေသင်မြို့မှ သက်ဆိုလိုနီကီမြို့သို့  ပြေးဆွဲလာခြင်းဖြစ်ကာ ဂရိ နိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်သည့် ဆာရစ်ဆာ မြို့အနီးရှိ    အီဗန်ဂျလစ်မို့စ်ဒေသ   အရောက်၌ ကုန်တင်ရထားနှင့် တိုက်မိခြင်းဖြစ်သည်ဟု နိုင်ငံ၏  အမျိုးသားသတင်းအေဂျင်စီ     အေအမ်အင်န်အေ တွင်    ဖော်ပြထားသည်။   ရထားတိုက်မှုဖြစ်ပွား ရသည့်    အကြောင်းရင်းကို    စုံစမ်းစစ်ဆေးရန်  စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဂရိရဲတပ်ဖွဲ့က ပြောသည်။ 

 


ရထားနှစ်စင်း   တိုက်မိပြီးနောက်    တွဲအများ အပြား လမ်းချော်ကာ တွဲသုံးစင်းမှာ မီးလောင်ခဲ့ သည်။ ကယ်ဆယ်ရေးဝန်ထမ်းများ အခင်းဖြစ်ပွား ရာ နေရာသို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်း များ  လုပ်ဆောင်ခဲ့သည်။   ထို့ပြင်   အဆိုပါဒေသရှိ ဆေးရုံများကို လူနာများ ရောက်လာနိုင်မှုအတွက် ကြိုတင်ပြင်ဆင်ထားကြရန်      သတိပေးခဲ့သည်။ လူစီးရထားပေါ်တွင် လူပေါင်း ၃၅၀ နီးပါး လိုက်ပါ လာကြောင်း   မီဒီယာများ၏    ဖော်ပြချက်အရ သိရသည်။                       

ဆင်ဟွာ