ဂျီ-၂၀ အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် နယူးဒေလီသို့ ရောက်ရှိ

 

နယူးဒေလီ   မတ်   ၁ 


ဂျီ-၂၀  အဖွဲ့ဝင်နိုင်ငံများမှ  နိုင်ငံ ခြားရေးဝန်ကြီးများသည်   မတ် ၁   ရက်နှောင်းပိုင်းတွင်   ကျင်းပ သည့် နှစ်ရက်ကြာ အစည်းအဝေး တက်ရောက်ရန်   နယူးဒေလီသို့ ရောက်ရှိခဲ့ကြသည်။ 

 


အဆိုပါ     အစည်းအဝေးသို့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၊ ရုရှားနိုင်ငံ ခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ် နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး  ချင်ဂန်တို့ တက်ရောက်ခဲ့ကြသည်။  ထိပ်တန်း       သံတမန်များသည် စွမ်းအင်နှင့်     အစားအသောက် ဈေးနှုန်းမြင့်တက်လာသည့်  ကိစ္စ ရပ်များကို      မည်သို့ကိုင်တွယ် ဖြေရှင်းသွားမလဲဆိုသည့်အပေါ် ဆွေးနွေးခဲ့ကြသည်။ 

 


အစည်းအဝေး       မစတင်မီ ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက  လက်ရော့ဗ်သည်     အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီသို့ ရောက်ရှိ ခဲ့ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အပါအဝင်   တခြားတာဝန်ရှိသူ များနှင့်    နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အိန္ဒိယနိုင်ငံသည်  ယခုအစည်းအဝေးတွင်    အဓိက ခေါင်းဆောင်ပိုင်းကို   တာဝန်ယူ ထားသည်။        အရေးကြီးသည့် ဆွေးနွေးမှုများကို မတ် ၂ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ 


အင်န်အိတ်ချ်ကေ