မူဆယ်မြို့နယ်လုံးကျွတ် (ဒုတိယအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတနာရှင်ပြည်သူများ ပါဝင်လောင်းလှူရန် နှိုးဆော်

မူဆယ်   ဖေဖော်ဝါရီ    ၂၈


ရှမ်းပြည်နယ်      (မြောက်ပိုင်း) မူဆယ်မြို့သည် ရှမ်း၊ ပလောင်၊   ကချင်၊   ကရင်၊   ချင်း၊  ရခိုင် အစ ရှိသည့်     တိုင်းရင်းသားလူမျိုး ပေါင်းစုံ   စုပေါင်းနေ‌ထိုင်သော တရုတ် - မြန်မာ  နယ်စပ်မြို့ဖြစ် သော်လည်း  စေတနာသဒ္ဓါတရား ထက်သန်စွာ    မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်များကို မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း  လောင်းလှူပွဲကို ယမန်နှစ်မှစတင်၍     မြို့နယ် အတွင်းရှိ        ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ၊   မြို့ ရပ်မိ/ရပ်ဖများ၊ မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက် များမှ စေတနာရှင်ပြည်သူများက စုပေါင်းလောင်းလှူကြသည်။


အဆိုပါ ဆွမ်းဆန်စိမ်းလောင်း လှူပွဲကြီးကို ယမန်နှစ်က ဧပြီလ  ၉  ရက်တွင်     မြို့နယ်အတွင်းရှိ ဆရာတော်၊    သံဃာတော်နှင့် သီလရှင်     အပါး   ၁၀၀၀  အား စေတနာရှင် ပြည်သူများအားလုံး စုပေါင်း၍      စုစုပေါင်းတန်ဖိုး ငွေကျပ်     ၁၁၄၄၀၀၀၀၀   ဖြင့်  မြို့နယ်လုံးကျွတ်(ပထမအကြိမ်) ဆွမ်းဆန်စိမ်း  လောင်းလှူပွဲကြီး စည်ကားသိုက်မြိုက်စွာ လောင်း လှူခဲ့ကြသည်။


ယခုနှစ်တွင်လည်း   မြို့နယ် လုံးကျွတ် (ဒုတိယအကြိမ်) ဆွမ်း ဆန်စိမ်း လောင်းလှူပွဲကြီးကိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် မှုဖြင့်    မြို့နယ်အတွင်းရှိ   ဌာန ဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့ များ၊       မြို့ရပ်မိ/ရပ်ဖများနှင့်     စေတနာရှင်ပြည်သူများ စုပေါင်း၍ မတ် ၄ ရက်တွင် မြို့နယ်အတွင်းရှိ     ဆရာတော် သံဃာတော်များနှင့် သီလရှင်များ  အပါး  ၁၃၀၀  ကျော် လောင်းလှူ     ကျင်းပသွားမည် ဖြစ်သည်။


ခရိုင်(ပြန်/ဆက်)