အမေရိကန်၌ အိမ်မှအလုပ်လုပ်သည့်မူဝါဒကို ကုမ္ပဏီအချို့ ပြန်လည်သုံးသပ်

 

ဝါရှင်တန်   ဖေဖော်ဝါရီ    ၂၈ 


အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုများ လျော့နည်းကျဆင်းလာသည့်အတွက် အိမ်မှ အလုပ်လုပ်သည့်မူဝါဒ (work-from-home policy) ကို ကုမ္ပဏီအချို့က ပြန်လည်သုံးသပ်လျက်ရှိသည်။ 


ဝန်ထမ်းများသည် မေလမှစတင်၍ တစ်ပတ်လျှင် အနည်းဆုံး   သုံးရက်   ရုံးတွင်အလုပ်လုပ်ရမည်ဟု အီးကောမာ့စ်ကုမ္ပဏီကြီးဖြစ်သည့် အမေဇုန်ကုမ္ပဏီ က ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။ 


လူကိုယ်တိုင် အလုပ်လုပ်ခြင်းသည် အဖွဲ့ဝင်များ ကြား သံယောဇဉ်များကို ပိုမိုခိုင်မာစေပြီး စွမ်းဆောင် ရည်ကို   တိုးမြှင့်စေသည်ဟု  အမေဇုန် အမှုဆောင် အရာရှိချုပ် အန်ဒီ ဂျက်ဆီက ပြောသည်။ 


အဓိကဖျော်ဖြေရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဝေါလ် ဒစ္စနေးလ်ကုမ္ပဏီသည် အလုပ်သမားများကို မတ်လမှစကာ တစ်ပတ်လျှင် လေးရက် ရုံးစတင် တက်ရန် ပြောကြားခဲ့သည်။ 


လုပ်ဖော်ကိုင်ဖက်များအကြား     အတူတကွ အလုပ်လုပ်ခြင်းဖြင့် ရရှိလာသည့် ပူးပေါင်းဆောင်ရွက် နိုင်မှုနှင့်   တီထွင်ဖန်တီးနိုင်မှုသည်  မည်သည့်အရာ နှင့်မှ  အစားထိုး၍ရမည်မဟုတ်သလို  ခေါင်းဆောင် များထံမှ   လေ့လာသင်ယူနိုင်မှု   အခွင့်အရေးသည် လည်း    မည်သည့်အရာနှင့်မှ   အစားထိုး၍  ရမည် မဟုတ်ကြောင်း   ဒစ္စနေးလ်ကုမ္ပဏီက   ပြောကြား လိုက်သည်။ 
လူမှုကွန်ရက်ဝန်ဆောင်မှု    ကုမ္ပဏီဖြစ်သော တွစ်တာက သူ့ဝန်ထမ်းများကို တစ်ပတ်လျှင် ငါးရက် အလုပ်လုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 


သို့သော်လည်း    အမေဇုန်နှင့်   ဒစ္စနေးလ်တို့မှ အလုပ်သမားများသည် ရုံးပြန်တက်အလုပ်လုပ်ရမည့် မူဝါဒကို   ပြန်လည်သုံးသပ်ပေးရန်  အသနားခံစာ တင်ထားသည်။                   

 အင်န်အိတ်ချ်ကေ