နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်

 

နေပြည်တော်    ဖေဖော်ဝါရီ     ၂၅


(၇၅)  နှစ်မြောက်     စိန်ရတု လွတ်လပ်ရေးနေ့  ဂုဏ်ထူးဆောင်  ဘွဲ့များချီးမြှင့်အပ်နှင်းခြင်း အခမ်း အနားကို     ဇန်နဝါရီ  ၁   ရက်နှင့်  ၂   ရက်တို့တွင်    ကျင်းပခဲ့ပြီး  နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီ   ဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်က   ဘွဲ့ခံပုဂ္ဂိုလ်များ အား   ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်း ချီးမြှင့်အပ်နှင်းခဲ့သည်။

 


အဆိုပါ    ဂုဏ်ထူးဆောင်ဘွဲ့ များ အပ်နှင်းခြင်းအခမ်းအနားသို့  အကြောင်း    အမျိုးမျိုးကြောင့် ကိုယ်တိုင်သော်     လည်းကောင်း၊   ကိုယ်စားသော်      လည်းကောင်း တက်ရောက် ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက် လက်ခံရယူနိုင်မည့်
ဘွဲ့ခံပုဂ္ဂိုလ်များအား  ယနေ့တွင်    ရန်ကုန်တိုင်းဒေသ ကြီး    ဝန်ကြီးချုပ်   ဦးစိုးသိန်း၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်    တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင် မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြသည်။

 


ထိုသို့ ချီးမြှင့်အပ်နှင်းရာတွင် သီရိပျံချီဘွဲ့ရရှိသူ ပညာရေးဝန်ကြီးဌာနဝန်ကြီး    ဦးမောင်ကျော်ဇံ ကိုယ်စား မြေးဖြစ်သူ ဒေါ်မေအေးဝင်း အား ဂုဏ်ထူး ဆောင်ဘွဲ့ကို    ရန်ကုန်တိုင်းဒေသကြီး   ကျောက် တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမ၌ ချီးမြှင့် အပ်နှင်းခဲ့ကြောင်း သတင်းရရှိသည်။    

 
သတင်းစဉ်