အာဖဂန် - ပါကစ္စတန် အဓိကနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီးနောက် ကုန်သွယ်မှု ပြန်လည်စတင်

 

ဂျလာလာဘတ်  ဖေဖော်ဝါရီ  ၂၅


ပါကစ္စတန်နှင့်  အာဖဂန်ကြားရှိ အဓိကနယ်စပ်   အစည်ကားဆုံး အဓိက ကုန်သွယ်မှုလမ်းကြောင်း ကို တာလီဘန်အာဏာပိုင်များက တစ်ပတ်နီးပါးအကြာ ပိတ်လိုက် ပြီးနောက်  ဖေဖော်ဝါရီ ၂၅ ရက် တွင်     ပြန်လည်ဖွင့်လှစ်ခဲ့ကာ အစားအသောက်နှင့် ဆေးဝါးများ သယ်ဆောင်လာသည့်  ကုန်တင် ယာဉ် များ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်သည်။

 


အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ ပိုင်း       နန်ဂါဟာပြည်နယ်ရှိ တော်ခန်းနယ်စပ်ဖြတ်ကျော်ရေး လမ်းကြောင်းကို   ဖေဖော်ဝါရီ   ၂၅ ရက် ဒေသစံတော်ချိန်   နံနက်  ၆  နာရီတွင်   ပြန်လည်ဖွင့်လှစ် ခဲ့ပြီး        အရပ်သားများရော၊    ကုန်သည်များအတွက်ပါ နှစ်ဖက် စလုံးက နယ်စပ်ဖြတ်ကျော်မှုကို   ခွင့်ပြုထားပြီ      ဖြစ်ကြောင်း       အာဖဂန်   အကောက်ခွန်အရာရှိ   မူစလင်ခါဆာက   ပြောကြားသည်။


ဆန်၊ ဘိလပ်မြေ၊ ဆောက်လုပ် ရေးပစ္စည်း၊   ဆေးဝါးနှင့်  အခြား စားသုံးဆီများ  သယ်ဆောင်လာ သည့်         ကုန်တင်ကားများ သည်  အာဖဂန်နစ္စတန်ဘက်သို့ ဝင်ရောက်နိုင်ခဲ့ပြီး  ကျောက်မီး သွေး၊   ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တင်ဆောင်ထား သည့်   ကုန်တင်ကားများသည် ပါကစ္စတန်ဘက်သို့   ဝင်ရောက် လာကြောင်း၊      ပါကစ္စတန် ဘက်ခြမ်းမှ ကုန်တင်ကားအစီးရေ ၁၄၀၀ ခန့်သည် အာဖဂန်နစ္စတန် သို့ ဖြတ်ကူးရန် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း         ပါကစ္စတန် အကောက်ခွန်အရာရှိတစ်ဦးက ပြောကြားသည်။

အေအက်ဖ်ပီ