ကယားပြည်နယ်တွင် ဓာတ်မြေဩဇာဈေးနှုန်းကျဆင်းလာ

 

ကယားပြည်နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူ လယ်သမားများ သွင်းအားစုအဖြစ်အသုံးပြုသော ဓာတ်မြေ ဩဇာများကို    ရန်ကုန်မြို့မှ    အများဆုံးတင်သွင်းကြပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း ဓာတ်မြေဩဇာတင်သွင်းမှု မှာ အိတ် ၅၄၆၀ ရှိကြောင်း ပူးပေါင်းစစ်ဆေးရေးဂိတ်စာရင်း များအရ သိရှိရသည်။
ဓာတ်မြေဩဇာ ဈေးနှုန်းများအနေဖြင့် ယခုတစ်ပတ်တွင် ယူးရီးယား(အာမို) တစ်အိတ်လျှင် ကျပ် ၉၅၀၀၀၊ ယူးရီးယား (ဩဘာ) တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀၊ တီစူပါ(သံကွင်း) (တရုတ်) တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀၊ ပုလဲရွှေတောင်(တရုတ်) တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀၊ ပိုတက် (ဂျာမနီ) တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀၊ ကွန်ပေါင်း (အာမို) တစ်အိတ်လျှင် ကျပ် ၉၅၀၀၀၊ ကွန်ပေါင်း (ဩဘာ) တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀၊ ကွန်ပေါင်း ၁၅:၁၅:၁၅ (ကောမတ်) တစ်အိတ်လျှင် ကျပ် ၁၄၅၀၀၀၊ အာမို ၁၆:၁၆:၁၆ (တရုတ်) တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့် လျှင်  ယူးရီးယား(အာမို)  တစ်အိတ်လျှင်   ကျပ် ၁၈၀၀၀၊ ယူးရီးယား (ဩဘာ)    တစ်အိတ်လျှင်  ကျပ် ၁၀၀၀၀၊   တီစူပါ (သံကွင်း) (တရုတ်) တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၊  ကွန်ပေါင်း (အာမို) တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၊ ကွန်ပေါင်း(ဩဘာ)တစ်အိတ်လျှင် ကျပ် ၂၀၀၀၀  အသီးသီး  ဈေးကျဆင်းလာ ခဲ့ကြောင်း ဓာတ်မြေဩဇာအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရ သည်။
DOCA(ကယား)