
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ ကျင်းပရေး နာယကအဖွဲ့နှင့်
ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၂၀၂၃ ခုနှစ် သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲကျင်းပ ရေး နာယကအဖွဲ့နှင့် ဦးစီး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် နေပြည်တော်ရှိ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲကျင်းပရေး နာယက အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အစည်းအဝေးကို ဖွင့်လှစ်သည်။
အမှာစကားပြောကြား
အစည်းအဝေးတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲကျင်းပ ရေး နာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပမည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားများကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီးအတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့အစည်း အဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။
ဦးစီးကော်မတီဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီ ၁၂ ခု ဆက်လက်ဖွဲ့စည်း ကာ လုပ်ငန်းတာဝန်များ ကဏ္ဍအလိုက် ဆောင်ရွက် လျက်ရှိသည်ကို သိရကြောင်း၊ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲသည် ရှေးမြန်မာမင်း များ လက်ထက်ကပင် အစဉ်အလာကြီးမားခဲ့ပြီး မြန်မာနိုင်ငံအစိုးရအဆက်ဆက် အလေးထားကျင်းပ ခဲ့သည့် နိုင်ငံတော်အဆင့် အခမ်းအနားကြီးဖြစ်သည် နှင့်အညီ နှစ်စဉ်သာသနာတော်ကို အမြင့်မားဆုံး၊ အခမ်းအနားဆုံးချီးမြှောက်သည့် အခမ်းအနားကြီး ဖြစ်ကြောင်း၊ လေယာဉ်ခရီးစဉ် အဆင်ပြေချောမွေ့စေ ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
ယခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များ ဆက်ကပ်ချီးမြှင့်အပ်နှင်းမှုနှင့် စပ်လျဉ်း၍ ပြည်တွင်းမှ ဆရာတော် ၃၈၂ ပါး၊ ပြည်ပမှ ဆရာတော် ၂၁ ပါး စုစုပေါင်း ဆရာတော် ၄၀၃ ပါး ဖြစ်ပြီး သီလရှင်ဆရာကြီးများအနေဖြင့် ၃၈ ပါးရှိ သည်ကို သိရှိရကြောင်း၊ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အနေ ဖြင့် ပြည်တွင်း ၄၁ ဦး၊ ပြည်ပအမျိုးသမီး တစ်ဦး စုစုပေါင်း ၄၂ ဦးရှိကြောင်း၊ ၄၂ ဦးမှာ သာသနာပြု ဘွဲ့ရ ၇ ဦးနှင့် သာသနာနုဂ္ဂဟဘွဲ့ရ ၃၅ ဦးဖြစ်ပြီး ပြည်ပမှ ဘွဲ့တံဆိပ်ရ အမျိုးသမီးများသည် သာသနာ ပြုဘွဲ့ဖြစ်သည့် “သဒ္ဓမ္မဇောတိကဓဇ” ဘွဲ့ ဖြစ်ကြောင်း။
ယခုနှစ်တွင် ထူးခြားချက်အနေဖြင့် ပရိယတ်နှင့် ပဋိပတ် သာသနာပြုလုပ်ငန်းများတွင် ထင်ရှား ကျော်ကြားကာ ဩဇာတိက္ကမ ကြီးမားခဲ့သည့် ပျံလွန် တော်မူပြီးဖြစ်သည့် လယ်တီဆရာတော်ကြီး၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၊ မိုးကုတ် ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ ကျောက်စာရုံစေတီတော်များတွင် ထားရှိ ပူဇော်မည့် စကျင်ကျောက်စာများကို ပါဠိ-ရိုမန် အက္ခရာဖြင့် ရေးထိုးနိုင်ရေး ပြုစုပေးတော်မူခဲ့သော ပါဠိ-ရိုမန် ဆရာတော်ကြီးအပါအဝင် ဆရာတော် ကြီး ၁၀ ပါး တို့ကို “အဘိဓဇမဟာရဋ္ဌဂုရု” နှင့် “အဘိ ဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း။
အလေးထားဆောင်ရွက်ပေးရန်လို
ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုရေးနှင့် ပတ်သက်၍ နှစ်စဉ် သီတင်းသုံးနေကျဖြစ်သည့် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သံဃာရာမ ကျောင်းဆောင် ၄ ဆောင်နှင့် နေပြည်တော်စည်ပင် ဧည့်ရိပ်သာ၌ “ကျောင်းအဖြစ်”သီတင်းသုံးကြမည် ဖြစ်သည့်အတွက် ကျောင်းအလှူဒါနမြောက်အောင် ဆရာတော်ကြီးများ၊ ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ စိတ်နှလုံးချမ်းမြေ့စွာ သီတင်း သုံးနိုင်ရေး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိမ်းလန်း စိုပြည်ရေးနှင့် ခြင်၊ ယင် ကအစ ကင်းအောင် အလေး ထား ဆောင်ရွက်ပေးရန်လိုကြောင်း။
ပြည်တွင်း၊ ပြည်ပ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီး ၂၄ ပါးတို့ကို ယခင်နှစ်များနည်းတူ သတ်မှတ် ထားသည့် ဟိုတယ်၌ သီတင်းသုံးနေထိုင်မှုအဆင်ပြေ စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရန်လိုကြောင်း။
ပြည်ပဘွဲ့ခံဆရာတော်ကြီးများ သီတင်းသုံးမည့် ဟိုတယ်တွင် ဝေယျာဝစ္စတာဝန် ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ကပ္ပိယကာရက တာဝန်ကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သည့် ဝန်ထမ်းများဖြစ် ရန် လိုအပ်သကဲ့သို့ ဘာသာစကား ကျွမ်းကျင်သည့် သူများကို ရွေးချယ်တာဝန်ပေးအပ်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ သို့မှသာ တာဝန်လည်းကျေ၊ ကုသိုလ် လည်းရ၊ နိုင်ငံအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးမှုပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာတော်ကြီးများ မိမိတို့နိုင်ငံကို ကြွရောက်လာ သည့် အချိန်ကာလတွင် စိတ်နှလုံးချမ်းမြေ့မှုကို ပေးနိုင်အောင် နေထိုင်သီတင်းသုံးမှု၊ ဆွမ်းကွမ်း ဝေယျာဝစ္စ၊ ကျန်းမာရေးကိစ္စကအစ လစ်ဟင်းမှု မရှိစေရန် စေတနာ၊ သဒ္ဓါပြည့်ဝစွာဖြင့် ကုသိုလ်ယူ ကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း။
ပြည်တွင်းမှ နိုင်ငံတော်အဆင့်ဆရာတော်ကြီးများ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများကို တည်းခိုနေရာချထားမည့် သံဃာရာမကျောင်းဆောင်များနှင့် နေပြည်တော် စည်ပင်ဧည့်ရိပ်သာများတွင် အရုဏ်ဆွမ်း၊ နေ့ဆွမ်း ဆက်ကပ်ရာ၌ ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်း လတ်ဆတ်သည့် ဟင်းလျာများ ဆက်ကပ်နိုင်ရေး ကျန်းမာရေးဆပ်ကော်မတီအနေဖြင့် ကြိုတင်ညှိနှိုင်း စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အတူ ကျန်းမာ ရေး Medical Check Up ပြုလုပ်ပေးရန်နှင့် ဆရာတော်ကြီးများ သီတင်းသုံးရာ ကျောင်းဆောင် များရှိ အခန်းများတွင် လိုအပ်သော တိုင်းရင်းဆေးဝါး များနှင့် အနောက်တိုင်းဆေးဝါးများ ထည့်ထားပေး ရန်၊ အရေးပေါ်လူနာတင်ယာဉ်များ စီစဉ်ထားရှိရန် နှင့် ကျောင်းဆောင်ပတ်ဝန်းကျင်တွင် ခြင်၊ ယင်များ မရှိအောင် သန့်ရှင်းရေးနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ အစီအမံများအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး ကျန်းမာရေး ဆပ်ကော်မတီအနေဖြင့် အခြား ဆပ်ကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရန် လိုကြောင်း။
အခမ်းအနားကျင်းပမည့် သာသနာ့မဟာဗိမာန် တော်ကြီးအတွင်းကို နိုင်ငံတော်အဆင့်နှင့် လျော်ညီ အောင် ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားရှိရန်နှင့် ဘုရားခန်းနှင့်တကွ သံဃာစင်မြင့်နေရာကို တင့်တယ်ကြည်ညိုဖွယ်ဖြစ်အောင် ခင်းကျင်းထားရ မည်ဖြစ်ကြောင်း။
ဆွမ်းဆန်တော်လောင်းလှူ
ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ဘုရားအမှူးပြု သော ဘွဲ့ခံဆရာတော် ၁၄၈ ပါး၊ သီလရှင်ဆရာကြီး ၃ ပါး စုစုပေါင်း ၁၅၁ ပါး ကြွရောက်မည်ဖြစ်ပြီး ဆွမ်း ဆန်တော် ကြိုလောင်းအနေဖြင့် ပင့်သံဃာတော်များ ဖြစ်သည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ နှင့် အကျိုးတော်ဆောင် ဆရာတော်ကြီး နှစ်ပါးဖြစ် ကြောင်း၊ သို့ဖြစ်၍ ဆရာတော်များထံ လှူဖွယ်ပစ္စည်း များ စနစ်တကျ ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြရန်နှင့် ဘွဲ့တံဆိပ်တော် ဆက်ကပ် ချီးမြှင့်အပ်နှင်းပွဲပြီး၍ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရာတွင် အချိန်ကြန့်ကြာမှုမရှိအောင် စီမံ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
ကြိုတင်ဇာတ်တိုက်လေ့ကျင့်သွားမည်
လုပ်ငန်းတာဝန်များ လစ်ဟင်းမှု မရှိစေရန် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက်ရ မည်ဖြစ်၍ ကြိုတင်ဇာတ်တိုက်လေ့ကျင့်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အဆင့် အခမ်းအနားကြီးဖြစ်သည့် အတွက် လုံခြုံရေးတစ်စုံတစ်ရာ ကျိုးပေါက်မှု မဖြစ် ကြရလေအောင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အထူးဂရုပြု ဆောင်ရွက်ကြရန် အလေးအနက် မှာကြားလိုကြောင်း။
“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ” “သာသနာတော်ဆိုင်ရာ ဘွဲ့ တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနား” များ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများအနေဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက် ပေးကြရန်နှင့် ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်း အဝေးတွင် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် စိစစ်ဆက်ကပ်လှူဒါန်းချီးမြှင့်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲနှင့် ဆွမ်းဆန် တော်လောင်းလှူပွဲ အခမ်းအနားကျင်းပမည့်အစီအမံ များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အခမ်းအနားကျင်းပရေးနှင့် အခမ်း အနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေး နှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၊ ကြိုဆိုပင့်ဆောင်နေရာချထားရေးနှင့် အခမ်းအနားသို့ ပင့်ဆောင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး ဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေ ရေး ဆပ်ကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး ဆပ်ကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဆွမ်းဆန်တော် လောင်းလှူရေးဆပ်ကော်မတီ၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း စိမ်းလန်း စိုပြည်ရေးနှင့် သာသနာရေးဆိုင်ရာအခင်းအကျင်း များ ပြင်ဆင်ရေးဆပ်ကော်မတီနှင့် လုံခြုံရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲကျင်းပရေး နာယကအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကားပြော ကြားပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်